အမေရိကန်နဲ့ မြောက်ကိုရီးယား မျက်နှာချင်းဆိုင်ပြီး အရှိန်တင် မောင်းနေတဲ့ ရထား နှစ်စီးလို့ တရုတ်ပြော

0
262

အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့ဟာ အရှိန်တင်ပြီး မျက်နှာချင်းဆိုင် မောင်းနေကြတဲ့ တိုက်မိတော့မယ့် ရထား နှစ်စီးနဲ့ တူနေတယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်းရီ

မြောက်ကိုရီးယားက ဒုံးကျည် ၄ ခု ပစ်ခတ်စမ်းသပ်ခဲ့မှုနဲ့ အမေရိကန်က တောင်ကိုရီးယားထံ ဒုံးကျည်ပစ်ချရေး လက်နက်စနစ် THDD ကို ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝန်းရီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အရှေ့အာရှမှာ လက်နက် ပြိုင်ဆိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနေပြီလို့ တရုတ် ဆင်ဟွာ သတင်းဌာနက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်းရီကတော့ ကိုရီးယား ကျွန်းဆွယ်မှာ ဆိုးရွားတဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်ဖို့ တရုတ်ရဲ့ အခန်းကဏ္ဍက ကြိုတင် သတိပေးနေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ထိပ်တိုက် တွေ့ကြတော့မယ့် ရထားနှစ်စီး ဘရိတ်အုပ်လိုက်ကြဖို့ မီးနီပြလိုက်ပါပြီလို့ သူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)