ဂွာတီမာလာ သမ္မတ နုတ်ထွက် ပေးဖို့ လူထောင်ပေါင်းများစွာ ဆန္ဒပြ တောင်းဆို

0
321

ဂွာတီမာလာ နိုင်ငံ၊ စန်ထရယ် စကွဲယားမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေက ဂွာတီမာလာ သမ္မတ ဂျင်မီ မိုရာလက်စ် နုတ်ထွက်ပေးဖို့ မနေ့က မတ်လ (၇) ရက်က ဆန္ဒပြခဲ့ကြပါတယ်။

နုတ်ထွက်ပေးဖို့ တောင်းဆိုခံနေရတဲ့ ဂွာတီမာလာ သမ္မတ ဂျင်မီ မိုရာလက်စ် (ဓာတ်ပုံ – REUTERS)

သူရဲ့ အစ်ကိုဖြစ်သူဟာ အဂတိလိုက်စားမှုတွေ လုပ်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဂျေမီ အပေါ် ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာခဲ့ပါတယ်။ ဂျင်မီဟာ ယခင်က သရုပ်ဆောင်ဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေးကို သန့်သန့်ရှင်းရှင်း လုပ်ဆောင်ဖို့ ကတိပြုပြီး ၂၀၁၅ ခုနှစ်က ၀င်ရောက် ရွေးကောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

အာဏာရလာပြီး နောက်ပိုင်း အဂတိ လိုက်စားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတဲ့အတွက် ဆန္ဒပြမှုတွေ နိုင်ငံတ၀ှမ်းမှာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေတွေကြောင့် ဂျင်မီရဲ့ အကြံပေး သူရဲ့အစ်ကို၊ သူအစ်ကိုရဲ့ သားနဲ့ ဂျင်မီကို နိုင်ငံတွင်းကနေ စက်တင်ဘာလ အတွင်း ထွက်ခွာသွားဖို့ တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)