မိုလ်ဆူးကနေ ဆီးရီးယားကို IS တွေ ဆုတ်ခွာထွက်ပြေး

0
311

အထူးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့ကနေ ဆီးရီးယားနိုင်ငံ၊ ရက်ကာကို အမြန်ဆုံး ဆုတ်ခွာကြဖို့ IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က အမိန့်ပေးလိုက်ပါတယ်။

အနောက်တိုင်းသားတွေ အပါအဝင် နိုင်ငံခြားသားတွေ ပါဝင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ အဆင့်မြင့် အီရတ် တိုက်ခိုက်ရေး အဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် မိုလ်ဆူးမြို့ မကျခင်မှာဘဲ ဒေသခံ IS တွေကို ထားခဲ့ပြီး ကစဉ်းကလျား လွတ်အောင် ထွက်ပြေးသွားတယ်လို့ အီရတ်ရှိ အမေရိကန် တပ်မှူးက ပြောပါတယ်။

မိုလ်ဆူးမြို့ကို ဝင်မစီးခင် လေကြောင်း တိုက်ခိုက်မှုမှာကတည်းက IS အများအပြား သေခဲ့ပြီး ဖြစ်ပါတယ်။

ယမန်နှစ် အောက်တိုဘာ ၁၇ ရက်က စခဲ့တဲ့ မိုလ်ဆူးတိုက်ပွဲ အပြီးမှာတော့ ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတရပ်ကို ဆက်လက် ရင်ဆိုင်ရမယ်လို့ အီရတ် စစ်အရာရှိတွေက ယူဆထားပါတယ်။ ဘာလို့လဲဆိုတော့ လူဦးရေ ထူထပ်လွန်းတဲ့ မိုလ်ဆူးမြို့က အရပ်သားတွေကြားထဲမှာ စစ်သွေးကြွတွေ ထောင်နဲ့ချီပြီး ကိုယ်ယောင်ဖျောက် ကျန်ခဲ့နိုင်လို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)