မက္ကဆီကိုနိုင်ငံမှာ အသတ်ခံရတဲ့ အလောင်း ၁၈ လောင်း တွေ့

0
310

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း အဝေးပြေးကား လမ်းမဘေး တစ်နေရာမှာ လူသေအလောင်း အများအပြားကို တွေ့ရှိခဲ့တာပါ။ ပထမဆုံးအနေနဲ့ လူသေအလောင်းတွေ ထုတ်ပိုးထားတဲ့ အနက်ရောင် အိတ် ၆ လုံးကို မတ်လ (၆) ရက်နေ့က တွေ့ရှိခဲ့ပြီး အာကာပိုကို ဆိပ်ကမ်းမှာ နောက်ထပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ ကြပါတယ်။

မတ်လ (၇) ရက်နေ့မှာ နောက်ထပ် လူသေ အလောင်း ၆ လောင်းထည့်ထားတဲ့ အိတ် ၃ လုံးကို ချာလပါ မြို့အနီးမှာ တွေ့ရှိခဲ့ကြပြီး စုစုပေါင်း လူသေအလောင်း ၁၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ မက္ကဆီကို ရဲတွေက ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပေါများလှတဲ့ မက္ကဆီကို နိုင်ငံအတွင်းမှာ မူးယစ်ဂိုဏ်းသားတွေ အချင်းချင်း သတ်ဖြတ်မှုတွေ ရှိနေပြီး လက်ရှိမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ မက္ကဆီကို ရဲတွေက ပြောပါတယ်။

မက္ကဆီကို နိုင်ငံ၊ ဂရေးရိုးပြည်နယ်၊ အက်ကာပိုလို မြို့ကနေ အမေရိကန်နိုင်ငံ မြောက်ပိုင်းကို တရားမ၀င် မူးယစ်ကူးသန်း ရောင်းဝယ်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)