လိပ်ကျွန်းအမှု ပြစ်ဒဏ်ချခံရမှု လိုအပ်လျှင် ထိုင်းဘုရင်ကြီးထံ အသနားခံစာ တင်မယ်

0
327

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုမှာ သေဒဏ်ချခံထားရတဲ့ မြန်မာ နှစ်ဦးအမှုအတွက် နောက်ဆုံးအဆင့်မြင့် အယူခံတရားရုံး (High Court) တက်မှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် နောက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘုရင်ကြီးဆီ အထိ အသနားခံစာ တင်မှာ ဖြစ်ပါတယ်။

လိပ်ကျွန်းအထူးစုံစမ်းရေး ကော်မတီရဲ့ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်က ကြေးမုံသတင်းစာကို အဲဒီလို ပြောကြားထားတာပါ။

အယူခံတရားရုံးက သေဒဏ်ကို ဆက်လက် အတည်ပြု ပြီးတဲ့နောက် အားငယ်နေကြတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို မြန်မာသံရုံးအဖွဲ့က သွားရောက် တွေ့ဆုံ အားပေးမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘန်ကောက်မြို့ရှိ ဘန်ခဝင် အကျဉ်းထောင်မှာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)