ဝက္စ္မင္စတာ ပါလီမန္မွာ ဝန္ထမ္း ၅ ဦးလွ်င္ ၁ ဦးႏႈန္း ထိပါးေႏွာင့္ယွက္ခံရ

0
1032

ၿဗိတိန္ႏိုင္ငံ၊ ဝက္စ္မင္စတာမွာ ပါလီမန္ဝန္ထမ္း ၅ ဦးလွ်င္ ၁ ဦးဟာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈ ႀကံဳတာ ဒါမွမဟုတ္ အဲဒီလို ထိပါးေႏွာင့္ယွက္ေၾကာင္း သိရွိတာရွိေၾကာင္း စစ္တမ္းတစ္ရပ္ ဒီေန႔ ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ ထြက္ေပၚလာလို႔ ထိတ္လန္႔ခဲ့ၾကပါတယ္။

ပါလီမန္မွာ လိင္ပိုင္းဆိုင္ရာ ထိပါးမႈေတြ ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚၿပီးေနာက္ ဒါမ်ိဳးေတြ ထပ္မျဖစ္ေအာင္ စည္းကမ္းသစ္ မူၾကမ္းေတြအတြက္ အႀကံေပးမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

လူနည္းစု ေခါင္းေဆာင္ အန္ဒရီယာ လိဒ္ဆမ္က စည္းကမ္း စနစ္သစ္ဟာ ႏိုင္ငံေရးပါတီေတြနဲ႔ ေလာင္းရိပ္က ကင္းလြတ္မွာ ျဖစ္ၿပီး ခံရသူေရာ၊ စြပ္စြဲခံရသူ ႏွစ္ဦးႏွစ္ဘက္ မွ်တရမယ္လို႔ ေျပာပါတယ္။ ကြန္ဆာေဗဒတစ္ပါတီက အမတ္ ဆာ မိုက္ကယ္ ေဖာ္လန္ကေတာ့ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ကက္ဘိနက္ကေန ႏုတ္ထြက္သြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝက်စ်မင်စတာ ပါလီမန်မှာ ဝန်ထမ်း ၅ ဦးလျှင် ၁ ဦးနှုန်း ထိပါးနှောင့်ယှက်ခံရ

ဗြိတိန်နိုင်ငံ၊ ဝက်စ်မင်စတာမှာ ပါလီမန်ဝန်ထမ်း ၅ ဦးလျှင် ၁ ဦးဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကြုံတာ ဒါမှမဟုတ် အဲဒီလို ထိပါးနှောင့်ယှက်ကြောင်း သိရှိတာရှိကြောင်း စစ်တမ်းတစ်ရပ် ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထွက်ပေါ်လာလို့ ထိတ်လန့်ခဲ့ကြပါတယ်။

ပါလီမန်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဒါမျိုးတွေ ထပ်မဖြစ်အောင် စည်းကမ်းသစ် မူကြမ်းတွေအတွက် အကြံပေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လူနည်းစု ခေါင်းဆောင် အန်ဒရီယာ လိဒ်ဆမ်က စည်းကမ်း စနစ်သစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ လောင်းရိပ်က ကင်းလွတ်မှာ ဖြစ်ပြီး ခံရသူရော၊ စွပ်စွဲခံရသူ နှစ်ဦးနှစ်ဘက် မျှတရမယ်လို့ ပြောပါတယ်။ ကွန်ဆာဗေဒတစ်ပါတီက အမတ် ဆာ မိုက်ကယ် ဖော်လန်ကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်လို့ စွပ်စွဲခံရပြီးနောက် ကက်ဘိနက်ကနေ နုတ်ထွက်သွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)