ေက်ာက္ကပ္တစ္ဘက္ ခိုးယူတယ္လို႔ အိႏၵိယအမ်ိဳးသမီးက ခင္ပြန္းကို စြပ္စြဲ

0
1183

အိႏၵိယႏိုင္ငံ၊ အေနာက္ဘင္ေဂါမွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးက သူ႔ခင္ပြန္းဟာ သူ႔ရဲ႕ ေက်ာက္ကပ္တစ္ဖက္ကို ခိုးၿပီး ေမွာင္ခိုေစ်းကြက္မွာ ေရာင္းစားခဲ့ၿပီး သူက လက္ထပ္စဥ္ တင္ေတာင္းခ မေပးႏိုင္ခဲ့လို႔ အဲဒီလို အလုပ္ခံရတာလို႔ စြပ္စြဲလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ရီတာ ဆာကာက လြန္ခဲ့တဲ့ ၂ ႏွစ္က သူ အူအတက္ေရာင္လို႔ ခြဲစိတ္စဥ္ သူ႔ေက်ာက္ကပ္တစ္ဖက္ကို ထုတ္ၿပီး ေရာင္းစားခံရတာ ျဖစ္တယ္လို႔ စြပ္စြဲထားပါတယ္။ ၿပီးခဲ့တဲ့ လအနည္းငယ္က သူ ေဆး႐ံုတက္စဥ္ကမွာ ဆရာဝန္ကေျပာလို႔ သူ႔ ခင္ပြန္းလက္ခ်က္ေၾကာင့္ သူ႔မွာ ေက်ာက္ကပ္တစ္ဖက္ မရွိေတာ့တာကို သိခဲ့ရတာ ျဖစ္ပါတယ္။

သူ အူအတက္ေရာင္စဥ္ ပုဂၢလိက ေဆး႐ံုတစ္ခုကို သူ႔ခင္ပြန္းက ေခၚသြားခဲ့ေၾကာင္း၊ ခြဲစိတ္မႈ အၿပီးမွာ သူ႔ခင္ပြန္းနဲ႔ ေဆး႐ံုဝန္ထမ္းေတြက အူအတက္ကို ခြဲထုတ္လိုက္လို႔ သက္သာသြားလိမ့္မယ္လို႔ ေျပာခဲ့ေၾကာင္း ေျပာပါတယ္။

အိႏၵိယမွာ လက္ထပ္ရင္ မိန္းကေလးဘက္က တင္ေတာင္းရတဲ့ ဓေလ့ကို အစိုးရက တားျမစ္ထားေပမယ့္ က်င့္သံုးေနၾကဆဲ ျဖစ္ပါတယ္။ ရီတာ ဆာကာရဲ႕ ခင္ပြန္း ဘစ္စဝါဂ်စ္ ဆာကာနဲ႔ သူ႔ညီကိုေတာ့ ရဲေတြက ဖမ္းဆီးလိုက္ၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်ကပ်တစ်ဘက် ခိုးယူတယ်လို့ အိန္ဒိယအမျိုးသမီးက ခင်ပွန်းကို စွပ်စွဲ

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းဟာ သူ့ရဲ့ ကျောက်ကပ်တစ်ဖက်ကို ခိုးပြီး မှောင်ခိုဈေးကွက်မှာ ရောင်းစားခဲ့ပြီး သူက လက်ထပ်စဉ် တင်တောင်းခ မပေးနိုင်ခဲ့လို့ အဲဒီလို အလုပ်ခံရတာလို့ စွပ်စွဲလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရီတာ ဆာကာက လွန်ခဲ့တဲ့ ၂ နှစ်က သူ အူအတက်ရောင်လို့ ခွဲစိတ်စဉ် သူ့ကျောက်ကပ်တစ်ဖက်ကို ထုတ်ပြီး ရောင်းစားခံရတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က သူ ဆေးရုံတက်စဉ်ကမှာ ဆရာဝန်ကပြောလို့ သူ့ ခင်ပွန်းလက်ချက်ကြောင့် သူ့မှာ ကျောက်ကပ်တစ်ဖက် မရှိတော့တာကို သိခဲ့ရတာ ဖြစ်ပါတယ်။

သူ အူအတက်ရောင်စဉ် ပုဂ္ဂလိက ဆေးရုံတစ်ခုကို သူ့ခင်ပွန်းက ခေါ်သွားခဲ့ကြောင်း၊ ခွဲစိတ်မှု အပြီးမှာ သူ့ခင်ပွန်းနဲ့ ဆေးရုံဝန်ထမ်းတွေက အူအတက်ကို ခွဲထုတ်လိုက်လို့ သက်သာသွားလိမ့်မယ်လို့ ပြောခဲ့ကြောင်း ပြောပါတယ်။

အိန္ဒိယမှာ လက်ထပ်ရင် မိန်းကလေးဘက်က တင်တောင်းရတဲ့ ဓလေ့ကို အစိုးရက တားမြစ်ထားပေမယ့် ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။ ရီတာ ဆာကာရဲ့ ခင်ပွန်း ဘစ်စဝါဂျစ် ဆာကာနဲ့ သူ့ညီကိုတော့ ရဲတွေက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)