
0
1018




>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးထုတ် မျိုချထားသူ ၃ ပတ်ကြာ ဝမ်းမသွားလို့ ရဲ အခက်တွေ့

အင်္ဂလန် အရှေ့တောင်ပိုင်း အက်ဆက်ဇ်မှာ မူးယစ်ဆေးဝါးထုတ်ကို မျိုချထားတယ်လို့ သံသယရှိသူ တစ်ဦးဟာ ၃ ပတ်ကြာတဲ့အထိ ဝမ်းမသွားတာကြောင့် စစ်ဆေးမယ့် ရဲက စောင့်ဆိုင်းနေရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က အက်ဆက်ဇ် ရဲက ဖမ်းဆီးစစ်ဆေးစဉ်မှာ သံသယရှိသူ အမျိုးသားဟာ မူးယစ်ဆေးဝါးထုတ်ကို မျိုချခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းလာကာ ဟာလိုမှာ ရှိတဲ့ ရဲစခန်းကို ခေါ်လာပြီးနောက် အိမ်သာသွားမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေရတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမယ့် ရဲတွေကတော့ သံသယရှိသူ ဝမ်းသွားရင် မူးယစ်ဆေးဝါးထုတ် တွေ့မယ်လို့ ယုံကြည်ထားပါတယ်။ ရဲက ဆရာဝန်ကို ခေါ်ပြီး အဲဒီ သံသယရှိသူကို နေ့စဉ် စစ်ဆေးခိုင်းပေမယ့် ၃ ပတ်ကြာ ဝမ်းမသွားတာတောင် သူဟာ အခြေအနေ ကောင်းနေကြောင်း တွေ့နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)