ေတာင္ကိုရီးယား သမၼတက ကင္ဂ်ံဳအန္းရဲ႕ ႏွမနဲ႔ ေတြ႔ဆံုမယ္

0
436

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္းရဲ႕ ႏွမ ကင္ယိုဂြ်န္၊ ေျမာက္ကိုရီးယား အဆင့္ျမင့္အရာရွိေတြနဲ႔ ေတြ႔ဆံုဖို႔ အစီအစဥ္ ရွိပါတယ္။

ေျမာက္ကိုရီးယား ကိုယ္စားလွယ္အဖြဲ႔ဟာ မနက္ျဖန္ ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ က်င္းပမယ့္ ၿပံဳခ်မ္း ေဆာင္းရာသီအိုလံပစ္ ပြဲေတာ္ဖြင့္ပြဲကို တက္ေရာက္မွာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာေတာ့ ေန႔လည္စာ စားပြဲ က်င္းပမွာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား သမၼတ ေျပာခြင့္ရသူက ေျပာပါတယ္။

ကင္ယိုဂြ်န္ဟာ ၁၉၅၀-၁၉၅၃ ကိုရီးယား စစ္ပြဲအၿပီး ေျမာက္ကိုရီးယား အုပ္ခ်ဳပ္သူ မိသားစုဝင္ထဲက ေတာင္ကိုရီးယားကို လာလည္တဲ့  ပထမဦးဆံုး ျဖစ္လာမွာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား ကိုယ္စားလွယ္အဖြဲ႔မွာ ဟန္ျပ ႏိုင္ငံအႀကီးအကဲ ျဖစ္တဲ့ ကင္ယြန္နမ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား သမ္မတက ကင်ဂျုံအန်းရဲ့ နှမနဲ့ တွေ့ဆုံမယ်

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ နှမ ကင်ယိုဂျွန်၊ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကျင်းပမယ့် ပြုံချမ်း ဆောင်းရာသီအိုလံပစ် ပွဲတော်ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ နေ့လည်စာ စားပွဲ ကျင်းပမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ ပြောခွင့်ရသူက ပြောပါတယ်။

ကင်ယိုဂျွန်ဟာ ၁၉၅၀-၁၉၅၃ ကိုရီးယား စစ်ပွဲအပြီး မြောက်ကိုရီးယား အုပ်ချုပ်သူ မိသားစုဝင်ထဲက တောင်ကိုရီးယားကို လာလည်တဲ့ ပထမဦးဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ဟန်ပြ နိုင်ငံအကြီးအကဲ ဖြစ်တဲ့ ကင်ယွန်နမ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)