
0
304




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား လေကြောင်း တိုက်ခိုက်မှု ၃ ရက်အတွင်း ၂၀ဝ နီးပါးသေ

ဆီးရီးယားနိုင်ငံ၊ ဂိုတာ အရှေ့ပိုင်းနဲ့ အိဒ်လစ်ဘ် ခရိုင်မှာ ဆီးရီးယား အစိုးရနဲ့ ရုရှား ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈၀ ရှိခဲ့ပါတယ်။

ဂိုတာ အရှေ့ပိုင်း သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၂ ဦးနဲ့ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ၃၄ ဦး ပါဝင်ပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ မကြာသေးခင်က စွပ်စွဲခံရတဲ့ အိဒ်လစ်ဘ်မှာတော့ အရပ်သား ၄ ဦး သေဆုံးပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့က အဲဒီ ဂိုတာ အရှေ့ပိုင်းမှာ ရုရှား လေယာဉ်တစ်စီး ပစ်ချခံရပြီး လေယာဉ်မှူး တစ်ဦး သေဆုံးပြီးနောက် တိုက်ခိုက်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ လေယာဉ်မှူး အသတ်ခံရလို့ ရုရှားက လက်စားချေနေတာ ဖြစ်တယ်လို့ လူတွေက ယုံကြည်နေကြကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)