
0
249




>>>>>>>>>>>>>>>>>>>>>>>>>>>>

မျက်နှာကို ပုံဖတ်နိုင်မယ့် နေကာမျက်မှန် တရုတ်ရဲတွေ စတင်အသုံးပြု

တရုတ်နှစ်သစ်ကူး ရောက်တော့မယ့် ကာလမှာ တရုတ်ရဲတွေဟာ လူထူထပ်တဲ့ ဘူတာရုံတွေမှာ မျက်နှာကို ပုံဖော် မှတ်မိနိုင်တဲ့ နည်းပညာသုံး နေကာမျက်မှန်တွေကို စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဟေနန်ပြည်နယ် အလယ်ပိုင်း ကျန်ဇု ရထားဘူတာရုံမှာ အဲဒီအဆင့်မြင့် မျက်မှန် တပ်ထားတဲ့ ရဲအရာရှိတွေဟာ ဘူတာ အဝင်ဝမှာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို စိစစ်နေပါတယ်။ အဲဒီ ဘူတာရုံဟာ လူအသွားအလာများတဲ့ ကာလမှာ တစ်ရက်ကို ခန့်မှန်းခြေ ခရီးသည် ၆ သောင်းလောက် ဝင်ထွက်နေတာ ဖြစ်ပါတယ်။

မျက်မှန်က မျက်နှာ အချက်အလက်တွေကို ဖမ်းယူပြီး ဒေတာဘေ့စ် ရှိတဲ့ဆီကို ပေးပို့မှာ ဖြစ်ပြီး အလိုရှိသူစာရင်းထဲက သံသယရှိသူတွေရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးမှာ ဖြစ်တယ်လို့ ဟေနန် ပြည်သူ့လုံခြုံရေးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)