ေဆာ္ဒီ အိမ္ေရွ႕မင္းသား ၿဗိတိန္ ခရီးစဥ္ ေရႊ႕ဆိုင္း

0
285

ဆႏၵျပမႈေတြကို စိုးရိမ္တဲ့အတြက္ ေဆာ္ဒီ အာေရဗ် အိမ္ေရွ႕မင္းသားက ၿဗိတိန္ ခရီးစဥ္ကို လာမယ့္ မတ္လအထိ ေရႊ႕ဆိုင္းထားလိုက္ပါတယ္။

အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္က ေဖေဖာ္ဝါရီလ ခရီးစဥ္ကို မတ္လ ၇ ရက္ကေန ၉ ရက္အထိ ေရႊ႕ဆိုင္းတာ ျဖစ္တယ္လို႔ ၿဗိတိန္ ရဲတပ္ဖြဲ႔က အတည္ျပဳေၾကာင္း ဆႏၵျပမယ့္ လက္နက္ ေရာင္းဝယ္မႈ ဆန္႔က်င္ေရး အဖြဲ႔ (CAAT) က ေျပာပါတယ္။

ကမာၻ႔အႀကီးဆံုး လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီ လိုအပ္ေနတဲ့ ယီမင္ႏိုင္ငံကို စစ္ပြဲ ဆင္ႏႊဲေနတာနဲ႔ ပတ္သက္ၿပီး ဘင္ ဆယ္လ္မန္ကို ၿဗိတိန္နဲ႔ ကမာၻတစ္လႊားက လံႈ႔ေဆာ္သူေတြက ေဝဖန္ျပစ္တင္ေနၾကတာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမွာ အဆိုးရြားဆံုး မွတ္တမ္းရွိတဲ့ ေဆာ္ဒီအာေရဗ်မွာ မင္းသား ဘင္ ဆယ္လ္မန္ဟာ ထင္ရွားသူတစ္ဦး ျဖစ္ပါတယ္။ လူေသာင္းခ်ီ ေသဆံုးတဲ့ ယီမင္ ဗံုးႀကဲတိုက္ခိုက္မႈမွာ သူက ဦးေဆာင္ေနၿပီး ဆိုးရြားတဲ့ လူသားခ်င္းစာနာမႈ လိုအပ္တဲ့ အေျခအေနကို ဖန္တီးေနတယ္လို႔ CAAT က အင္ဒ႐ူး စမစ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီ အိမ်ရှေ့မင်းသား ဗြိတိန် ခရီးစဉ် ရွှေ့ဆိုင်း

ဆန္ဒပြမှုတွေကို စိုးရိမ်တဲ့အတွက် ဆော်ဒီ အာရေဗျ အိမ်ရှေ့မင်းသားက ဗြိတိန် ခရီးစဉ်ကို လာမယ့် မတ်လအထိ ရွှေ့ဆိုင်းထားလိုက်ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က ဖေဖော်ဝါရီလ ခရီးစဉ်ကို မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ရွှေ့ဆိုင်းတာ ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က အတည်ပြုကြောင်း ဆန္ဒပြမယ့် လက်နက် ရောင်းဝယ်မှု ဆန့်ကျင်ရေး အဖွဲ့ (CAAT) က ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေတဲ့ ယီမင်နိုင်ငံကို စစ်ပွဲ ဆင်နွှဲနေတာနဲ့ ပတ်သက်ပြီး ဘင် ဆယ်လ်မန်ကို ဗြိတိန်နဲ့ ကမ္ဘာတစ်လွှားက လှုံ့ဆော်သူတွေက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုမှာ အဆိုးရွားဆုံး မှတ်တမ်းရှိတဲ့ ဆော်ဒီအာရေဗျမှာ မင်းသား ဘင် ဆယ်လ်မန်ဟာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။ လူသောင်းချီ သေဆုံးတဲ့ ယီမင် ဗုံးကြဲတိုက်ခိုက်မှုမှာ သူက ဦးဆောင်နေပြီး ဆိုးရွားတဲ့ လူသားချင်းစာနာမှု လိုအပ်တဲ့ အခြေအနေကို ဖန်တီးနေတယ်လို့ CAAT က အင်ဒရူး စမစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)