တ႐ုတ္မွာ ၿမိဳ႕တြင္းလမ္းမ တစ္ေနရာ ၿပိဳက်မႈျဖစ္ပြား၊ ၈ ဦးေသ ၃ ဦးေပ်ာက္ဆံုး

0
950

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ဂြမ္ေဒါင္းျပည္နယ္ရွိ ဖိုရွန္ၿမိဳ႕ရဲ႕ လမ္းမတစ္ေနရာမွာ ႐ုတ္တရက္ ၿပိဳက်မႈျဖစ္ပြားခဲ့လို႔ ေသဆံုးသူ အနည္းဆံုး ၈ ဦးရွိခဲ့ၿပီး ၃ ဦးေပ်ာက္ဆံုးေနပါတယ္။

မေန႔ ေဖေဖာ္၀ါရီလ ၈ ရက္ေန႔ ညက ဖိုရွန္ၿမိဳ႕ရဲ႕ ေျမေအာက္ရထားလုိင္း အမွတ္ (၂) ေဆာက္လုပ္ေနတဲ့ ေအာက္ကို ၿပိဳက်လာခဲ့တာျဖစ္ၿပီး တျခားအလုပ္သမား ၉ ဦးလည္း ထိခုိက္ဒဏ္ရာ ရရွိထားပါတယ္။

ၿပိဳက်သြားတဲ့ ေနရာဟာ ဘတ္စ္ကတ္ဘာ ၂ ကြင္းစာေလာက္ရွိၿပီး ၇ မီတာ အနက္ေလာက္ရွိတဲ့ တြင္းႀကီး ျဖစ္ေပၚလာေစခဲ့ပါတယ္။ ဘာေၾကာင့္ အခုလို ျဖစ္ရလဲဆိုတာ အေၾကာင္းရင္းကို  မသိရေသးဘဲ သက္ဆုိင္ရာ အဖြဲ႔ေတြကေတာ့ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်မှာ မြို့တွင်းလမ်းမ တစ်နေရာ ပြိုကျမှုဖြစ်ပွား၊ ၈ ဦးသေ ၃ ဦးပျောက်ဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ဖိုရှန်မြို့ရဲ့ လမ်းမတစ်နေရာမှာ ရုတ်တရက် ပြိုကျမှုဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၈ ဦးရှိခဲ့ပြီး ၃ ဦးပျောက်ဆုံးနေပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညက ဖိုရှန်မြို့ရဲ့ မြေအောက်ရထားလိုင်း အမှတ် (၂) ဆောက်လုပ်နေတဲ့ အောက်ကို ပြိုကျလာခဲ့တာဖြစ်ပြီး တခြားအလုပ်သမား ၉ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။

ပြိုကျသွားတဲ့ နေရာဟာ ဘတ်စ်ကတ်ဘာ ၂ ကွင်းစာလောက်ရှိပြီး ၇ မီတာ အနက်လောက်ရှိတဲ့ တွင်းကြီး ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရလဲဆိုတာ အကြောင်းရင်းကို မသိရသေးဘဲ သက်ဆိုင်ရာ အဖွဲ့တွေကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)