အိုလံပစ္ပြဲ မတိုင္ခင္ ေျမာက္ကိုရီးယားမွာ စစ္ေရးျပပြဲ က်င္းပ

0
1000

ေတာင္ကိုရီးယားမွာ က်င္းပမယ့္ ၿပဳံခ်မ္း ေဆာင္းရာသီ အိုလံပစ္ပြဲ မတိုင္ခင္ ေျမာက္ကိုရီးယား ကင္အီဆြန္းရင္ျပင္မွာ စစ္ေရးျပခ်ီတက္ပြဲ တစ္ခုကို က်င္းပခဲ့ပါတယ္။

စစ္ေရးျပ ခ်ီတက္ပြဲမွာ တပ္ဖြဲ႔ဝင္ ၁ ေသာင္းေက်ာ္ ပါဝင္ၿပီး ျပည္သူေတြက ပလတ္စတစ္ပန္းေတြနဲ႔ ေၾကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကပါတယ္။ ဒီေန႔ ေဖေဖာ္ဝါရီ ၈ ရက္ေန႔ မနက္က က်င္းပတဲ့ စစ္ေရးျပပြဲကို ေထာင္နဲ႔ခ်ီတဲ့ လူေတြ ပါဝင္ဆင္ႏႊဲ၊ ေစာင့္ၾကည့္ခဲ့ၾကတယ္လို႔ ေတာင္ကိုရီးယားက သတင္းထုတ္ျပန္ပါတယ္။

စစ္ေရးျပပြဲမွာ တိုက္ခ်င္းပစ္ ဒံုးက်ည္ေတြလို မဟာဗ်ဴဟာေျမာက္ လက္နက္ေတြ ဘာေၾကာင့္ ထည့္သြင္းထားသလဲ ဆိုတာေတာ့ မရွင္းလင္းေၾကာင္း ေတာင္ကိုရီးယား အရာရွိေတြက ေျပာပါတယ္။ ေျမာက္ကိုရီးယားကေတာ့ အခု ခ်ီတက္ပြဲက စစ္တပ္တည္ေထာင္မႈ ႏွစ္ ၇၀ ျပည့္အတြက္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုလံပစ်ပွဲ မတိုင်ခင် မြောက်ကိုရီးယားမှာ စစ်ရေးပြပွဲ ကျင်းပ

တောင်ကိုရီးယားမှာ ကျင်းပမယ့် ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်ခင် မြောက်ကိုရီးယား ကင်အီဆွန်းရင်ပြင်မှာ စစ်ရေးပြချီတက်ပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

စစ်ရေးပြ ချီတက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ သောင်းကျော် ပါဝင်ပြီး ပြည်သူတွေက ပလတ်စတစ်ပန်းတွေနဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်က ကျင်းပတဲ့ စစ်ရေးပြပွဲကို ထောင်နဲ့ချီတဲ့ လူတွေ ပါဝင်ဆင်နွှဲ၊ စောင့်ကြည့်ခဲ့ကြတယ်လို့ တောင်ကိုရီးယားက သတင်းထုတ်ပြန်ပါတယ်။

စစ်ရေးပြပွဲမှာ တိုက်ချင်းပစ် ဒုံးကျည်တွေလို မဟာဗျူဟာမြောက် လက်နက်တွေ ဘာကြောင့် ထည့်သွင်းထားသလဲ ဆိုတာတော့ မရှင်းလင်းကြောင်း တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယားကတော့ အခု ချီတက်ပွဲက စစ်တပ်တည်ထောင်မှု နှစ် ၇၀ ပြည့်အတွက်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)