၅၂ နှစ်ကြာ ပြည်တွင်းစစ်ရပ်ဖို့ ကိုလံဘီယာအစိုးရနဲ့ ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေး စတင်ဆွေးနွေး

0
299

၅၂ နှစ်ကြာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋပက္ခတွေ အဆုံးသတ်ဖို့ ကိုလံဘီယာနိုင်ငံ အစိုးရနဲ့ ELN သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

ကိုလံဘီယာအစိုးရနဲ့ မက်စ်ဝါဒီ ELN သူပုန်တွေဟာ လူထောင်နဲ့ချီပြီး အသတ်ခံခဲ့ရတာတွေ၊ စီးပွားရေး ပျက်စီးဆုံးရှုံးခဲ့တာတွေနဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့ ခုလို ဆွေးနွေးခဲ့ကြတာပါ။

ELN အဖွဲ့ဟာ အင်အား ၂၀၀၀ ကျော်လောက်ရှိပြီး ကိုလံဘီယာမှာ ဒုတိယအင်အားအကြီးဆုံး သူပုန်အဖွဲ့ဖြစ်ပါတယ်။ အင်အားအကြီးဆုံး အဖွဲ့ဖြစ်တဲ့ FARC ကတော့ ၂၀၁၆ ခုနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူခဲ့ပါတယ်။

ELN အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ပက်ဘလိုဘယ်ထရန်က “ကျွန်တော်တို့ဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး နိုင်ငံ တိုးတက်ဖို့ လိုလားတဲ့အတွက် အခုလို ငြိမ်းချမ်းရေး ရယူခဲ့ကြတာပါ။ ခုလို ငြိမ်းချမ်းရေးယူတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း ထောက်ခံခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာသမ္မတ ဆန်တို့စ်ဟာ FARC အဖွဲ့နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုလည်း ရရှိခဲ့ပါတယ်။ FARC ပြီးနောက် ELN သူပုန်အဖွဲ့နဲ့ပါ ငြိမ်းချမ်းရေး ရရှိမယ်ဆိုရင်တော့ လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ပြီး စီးပွားရေးဖွံ့ဖြိုးမယ့်အပြင် ရာဇဝတ်တွေလည်း လျော့ကျသွားနိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)