ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲမှာ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံနေရ

0
321

ကိုလံဘီယာ သမ္မတ ဂျူဝမ်မန်နျူယ်ဆန်တို့စ်ဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘရာဇီးကုမ္ပဏီ Odebrecht ဆီက အမေရိကန်ဒေါ်လာ ၁ သန်းလောက် လက်ခံရယူခဲ့တယ်လို့ ကိုလံဘီယာ ရှေ့နေချုပ်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။

အဲဒီ ပိုက်ဆံတွေဟာ Odebrecht ကုမ္ပဏီကနေ လစ်ဘရယ်ပါတီဝင် အထက်လွှတ်တော်အမတ်ဟောင်း အော့တို ဘူလာ ဘူလာကို ပေးတဲ့ အမေရိကန်ဒေါ်လာ ၄.၆ ဘီလျံ ထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၁၄ မှာ ဆန်တို့ သမ္မတဖြစ်လာရေးအတွက် ရည်ရွယ်တဲ့ပိုက်ဆံတွေလို့လည်း ရှေ့နေချုပ် နက်စတာ ဟမ်ဘာတို မာတီနက်ဇ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆန်တိုရဲ့ ရေးကောက်ပွဲ အောင်နိုင်ရေး အကြီးအကဲ ရောဘတ်တိုပရီတိုကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့သလို သမ္မတ ဆန်တို့စ်ရဲ့ အတွင်းရေးမှူးကလည်း ဒါတွေဟာ မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Odebretch ကုမ္ပဏီဟာ ကိုလံဘီယာနိုင်ငံတစ်ခုတည်းကိုပဲ လာဘ်ထိုးခဲ့တာမဟုတ်ဘဲ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လာဘ်ထိုးတဲ့ စီမံကိန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေကလည်း စွပ်စွဲထားပါတယ်။
အဲဒီနိုင်ငံတွေထဲမှာ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ ဗင်နီဇွဲလား နိုင်ငံတွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)