ဖိလစ်ပိုင်မှာ မီးလောင်မှုကြောင့် လူ ၁၅၀၀၀ ထောင် နေအိမ် ဆုံးရှုံး

0
302

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဆိပ်ကမ်းနားမှာရှိတဲ့ မြို့တစ်ခုအတွင်း ဖေဖော်ဝါရီ ၇ ရက်နေ့ညက နေအိမ်ပေါင်းများစွာ မီးလောင်ကျွမ်းခဲ့တဲ့အတွက် ဒေသခံပေါင်း တစ်သောင်းခွဲလောက်ရဲ့ နေအိမ်တွေ မီးထဲပါသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောာကားလိုက်ပါတယ်။

မီးလောင်ခဲ့တဲ့နေရာဟာ Parola Compound လို့ခေါ်တဲ့အရပ်ဖြစ်ပြီး အဲဒီအရပ်မှာ ဒေသခံတွေဟာ လမ်းကြိုလမ်းကြားလေးတွေမှာ အိမ်သေးသေးလေးတွေတည်ဆောက်ပြီး နေထိုင်ကြရတာပါ။

ဖိလစ်ပိုင် မီးသတ်ဌာနကတော့ မီးထဲမှာ နေအိမ် အလုံး တစ်ထောင်လောက်ပါသွားတယ်လို့ ပြောပါတယ်။

မီးသတ်အရာအရှိ အက်ဒီလ်ဘာတိုခရုဇ်ကတော့ မီးလောင်မှုကြောင့် လူ ခုနစ်ဦး အသေးစား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပဲရှိပြီး လူသေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ မီးဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းသုံးခု ဖွင့်လှစ်ထားပြီး အစားအစာနဲ့ ရေတွေ ထောက်ပံ့ထားတယ်လို့ လူမှုဖူလုံရေး အရာရှိ ဂျိန်းမာတာက ပြောပါတယ်။

ဒါပေမဲ့ တစ်ညလုံး မီးအလျင်အမြန် ကူးစက်ပျံ့နှံ့ပြီး လောင်ကျွမ်းမှုကြောင့် အနီးတစ်ဝိုက် နယ်မြေတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)