အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ဘက်စ်တီဒီဗော့စ် အမေရိကန် ပညာရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရ

0
311

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမည်စာရင်းတင်သွင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဘက်စီဒီဗော့စ်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ ပညာရေးဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဘက်စီဒီဗော့ဟာ ပညာရေးဝန်ကြီးအဖြစ် ခန့်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ ၅၀ စီနဲ့ အရေအတွက်တူနေတာကြောင့် ဒုတိယသမ္မတ မိုက်ခ်ပန်က ထောက်ခံမဲပေးပြီး တစ်မဲအသာနဲ့ ပညာရေးဝန်ကြီး ဖြစ်လာခဲ့တာပါ။

ဘက်စီဒီဗော့ဟာ ပညာရေးလောကနဲ့ အဆက်အစပ်မရှိတဲ့အတွက် ပညာရေးဝန်ကြီးအဖြစ် ဦးဆောင်ဖို့ အတွေ့အကြုံမရှိဘူးလို့လည်း အထက်လွှတ်တော်မှာ ဆွေးနွေးငြင်းခုန်စဉ်တုန်းက အမတ်တွေက ငြင်းခုန်ခဲ့ကြပါသေးတယ်။

အဲဒီနောက် မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလစ်ကန်ပါတီဝင် အမတ်တွေက ထောက်ခံမဲ ၅၀ မဲ၊ ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ကန့်ကွက်မဲ ၄၆ မဲ၊ ရီပတ်ဘလစ်ကန်ပါတီဝင် နှစ်ဦးရဲ့ ကန့်ကွက်မဲ၊ တစ်သီးပုဂ္ဂလ အမတ်နှစ်ဦး ကန့်ကွက်မဲတွေကြောင့် ထောက်ခံမဲနဲ့ ကန့်ကွက်မဲ အရေအတွက် တူနေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)