ကဘူလ္းၿမိဳ႕ရွိ ႐ုပ္သံဌာနခ်ဳပ္ကို ေသနတ္သမားေတြ ပစ္ခတ္တုိက္ခုိက္

0
365

အာဖန္ဂန္နစၥတန္ႏိုင္ငံ ကဘူလ္းၿမိဳ႕က ေဒသခံ႐ုပ္သံဌာန တစ္ခုကို ေသနတ္သမားေတြ ပစ္ခတ္ တုိက္ခိုက္ခဲ့ၿပီး ေသဆံုး ထိခိုက္ဒဏ္ရာရမႈ ျမင့္တက္မွာကို စုိးရိမ္ေနတယ္လို႔  ေဒသခံမီဒီယာေတြက ေဖာ္ျပပါတယ္။

ရွမ္ရွက္ဒ္ ႐ုပ္သံဌာနခ်ဳပ္ထဲကို ဝင္ေရာက္ၿပီး ေသနတ္သမားေတြဟာ ပစ္ခတ္မႈအျပင္ ဗံုးေတြပါ ေဖာက္ခဲြ တုိက္ခိုက္ခဲ့တာလို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ အဲဒီ႐ုပ္သံအေဆာက္ အဦးထဲမွာ အလုပ္သမား ၁၀၀ ေက်ာ္ လုပ္ကိုင္ေနၿပီး  တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ဘယ္သူလက္ခ်က္ဆုိတာ မသိရေသးပါဘူး၊  

တာလီဘန္ သူပုန္အဖြဲ႔ကေတာ့ အဲဒီတုိက္ခုိက္မႈဟာ သူတို႔နဲ႔ ပတ္သက္မႈ မရွိဘူးလို႔ ျငင္းဆန္ထားပါတယ္။  အေဆာက္အဦးထဲ ပစ္ခတ္တုိက္ခိုက္ခဲ့သူ ဦးေရနဲ႔ ေသဆံုး၊ ဒဏ္ရာ ရသူဦးေရ ဘယ္ေလာက္ရွိတယ္ဆုိတာကို အတိအက် မသိရေသးဘူးလို႔ အာဖန္ဂန္နစၥတန္ရဲေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကဘူလ်းမြို့ရှိ ရုပ်သံဌာနချုပ်ကို သေနတ်သမားတွေ ပစ်ခတ်တိုက်ခိုက်

အာဖန်ဂန်နစ္စတန်နိုင်ငံ ကဘူလ်းမြို့က ဒေသခံရုပ်သံဌာန တစ်ခုကို သေနတ်သမားတွေ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံး ထိခိုက်ဒဏ်ရာရမှု မြင့်တက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ရှမ်ရှက်ဒ် ရုပ်သံဌာနချုပ်ထဲကို ဝင်ရောက်ပြီး သေနတ်သမားတွေဟာ ပစ်ခတ်မှုအပြင် ဗုံးတွေပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီရုပ်သံအဆောက် အဦးထဲမှာ အလုပ်သမား ၁၀ဝ ကျော် လုပ်ကိုင်နေပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူလက်ချက်ဆိုတာ မသိရသေးပါဘူး၊

တာလီဘန် သူပုန်အဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ အဆောက်အဦးထဲ ပစ်ခတ်တိုက်ခိုက်ခဲ့သူ ဦးရေနဲ့ သေဆုံး၊ ဒဏ်ရာ ရသူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ အာဖန်ဂန်နစ္စတန်ရဲတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)