
0
399




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား တိရစ္ဆာန်ရုံက ဆာဘီးယားကျား အစာကျွေးတဲ့အမျိုးသမီးကို တိုက်ခိုက်

ရုရှားနိုင်ငံ၊ ကလင်နင်ဂရက်မြို့ရှိ တိရစ္ဆာန်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ဆာဘီယား ကျားတစ်ကောင်ဟာ အစာလာကျွေးတဲ့ ဝန်ထမ်း အမျိုးသမီးကို တိုက်ခိုက်ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ခိုက်ခံရချိန် လာရောက်လည်ပတ်သူတွေ ရှိနေပါတယ်။ လာရောက် လည်ပတ်သူတွေက အမျိုးသမီးကို လာရောက် မကယ်တင်နိုင်မီ ကျားကို ဝိုင်းဝန်း အသံပေး အော်ဟစ် ခြောက်လှန့် မောင်းထုတ်ခဲ့ပါတယ်။

အဲဒီ တိရစ္ဆာန်ရုံမှာ နှစ် ၂၀ ကျော်ကြာ အလုပ်လုပ်လာတဲ့ အမျိုးသမီးဟာ ကျားရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဆာဘီးယား ကျားဟာ အသက် ၁၆ နှစ်အရွယ်ရှိပြီး ပထမဆုံးအကြိမ် လူကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)