
0
320

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ အမေရိကန် တင်းမာမှု ရုရှား ကြားဝင်စေ့စပ်

ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ပြဿနာတွေကို ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းနေပါတယ်။

ရုရှားနိုင်ငံက ပြဿနာတွေကို စေ့စပ်ဖို့ အောက်တိုဘာမှာ တစ်ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိမယ်ဆိုရင် ရုရှားနိုင်ငံဟာ မြောက်ကိုရီယားနဲ့ အမေရိကန်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် လုပ်ပေးမယ်လို့ ရုရှား နိုင်ငံခြားရေး ဒုတိယဝန်ကြီး အီဂေါ် မော်ဂူလော့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံဆီ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြောက်အမေရိက ဌာနညွှန်ချုပ် ချိုဆွန်ဟူက ငြင်းဆန်ခဲ့ပါတယ်။ ညွှန်ချုပ် ချိုဆွန်ဟူက လက်ရှိအချိန်ဟာ အမေရိကန်နဲ့ ဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)