ဝန္ႀကီးခ်ဳပ္ေဟာင္း ဘာလူစကိုနီ   အီတလီႏုိင္ငံေရးေလာကကို တစ္ေက်ာ့ျပန္ဝင္မယ္

0
260

အီတလီဝန္ႀကီးခ်ဳပ္ေဟာင္း ဘာလူစကိုနီဟာ ႏုိင္ငံေရးေလာကကို တစ္ေက်ာ့ျပန္ဝင္ေရာက္ဖုိ႔ စီစဥ္ေနပါတယ္။

ကမာၻေက်ာ္ ေအစီမီလန္ ေဘာလံုးအသင္း ပိုင္ရွင္ေဟာင္း ဘာလူစကိုနီဟာ  စစ္စလီကၽြန္း ေရြးေကာက္ပြဲမွာ အႏိုင္ရၿပီးေနာက္ အီတလီ ႏုိင္ငံေရးေလာကကို ျပန္ဝင္ေရာက္ဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။

ဘာလူစကိုနီအတြက္ စစ္စလီကၽြန္း ေရြးေကာက္ပြဲဟာ လာမယ့္ႏွစ္မွာက်င္းပမယ့္ ႏုိင္ငံလံုးဆုိင္ရာ ေရြးေကာက္ပြဲဝင္ေရာက္ဖုိ႔ စမ္းသပ္မႈတစ္ခုလည္း ျဖစ္ပါတယ္။

အသက္ ၈၁ ႏွစ္ အရြယ္ရွိ ဘာလူစကိုနီဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္က အက်င့္ပ်က္ျခစားမႈ၊ အခြန္တိမ္းေရွာင္မႈ ျပႆနာေတြေၾကာင့္  ႏုိင္ငံေရးေလာက ကေန ထြက္ခဲ့ရသူျဖစ္ပါတယ္။

ဘာလူစကိုနီဟာ လာမယ့္ႏွစ္မွာ က်င္းပမယ့္ေရြးေကာက္ပြဲကို ဝင္ေရာက္ႏုိင္ဖို႔ သူအေပၚ တားဆီးပိတ္ပင္မႈေတြကို ေက်ာ္လႊားႏုိင္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ အီတလီနိုင်ငံရေးလောကကို တစ်ကျော့ပြန်ဝင်မယ်

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ နိုင်ငံရေးလောကကို တစ်ကျော့ပြန်ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။

ကမ္ဘာကျော် အေစီမီလန် ဘောလုံးအသင်း ပိုင်ရှင်ဟောင်း ဘာလူစကိုနီဟာ စစ်စလီကျွန်း ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် အီတလီ နိုင်ငံရေးလောကကို ပြန်ဝင်ရောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဘာလူစကိုနီအတွက် စစ်စလီကျွန်း ရွေးကောက်ပွဲဟာ လာမယ့်နှစ်မှာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲဝင်ရောက်ဖို့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

အသက် ၈၁ နှစ် အရွယ်ရှိ ဘာလူစကိုနီဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်က အကျင့်ပျက်ခြစားမှု၊ အခွန်တိမ်းရှောင်မှု ပြဿနာတွေကြောင့် နိုင်ငံရေးလောက ကနေ ထွက်ခဲ့ရသူဖြစ်ပါတယ်။ ဘာလူစကိုနီဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်နိုင်ဖို့ သူအပေါ် တားဆီးပိတ်ပင်မှုတွေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)