ၾသစေၾတးလ်ရွိ ေက်ာင္း စာသင္ခန္းထဲကို ကားဝင္တုိက္ ၊ ေက်ာင္းသား ႏွစ္ဦးေသဆံုး

0
310

ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕မွာ ႏုိဝင္ဘာ ၇ ရက္ေန႔က စာသင္ခန္းထဲကို ကားဝင္တုိက္ခဲ့လုိ႔ မူလတန္း ေက်ာင္းသားႏွစ္ဦးေသဆံုးသြားခဲ့ပါတယ္။  

ဘန္ဆုိင္း လမ္းေဘးနားမွာရွိတဲ့ စာသင္ေက်ာင္းထဲကို ကားဝင္တုိက္ခဲ့တာျဖစ္ၿပီး ေက်ာင္းသူမိန္းကေလး သံုးဦး ဒဏ္ရာရခဲ့ပါတယ္။ ကားဝင္တုိက္ခ်ိန္မွာ စာသင္ခန္းထဲမွာ ေက်ာင္းသား ၁၉ ဦး ရွိေနခဲ့တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။ လက္ရွိအခ်ိန္မွာ အသက္ ၅၂ ႏွစ္ အရြယ္ရွိ ကားေမာင္းသူ အမ်ိဳးသမီးကို စံုစမ္းစစ္ေဆးေနပါတယ္။  

စာသင္ခန္းထဲကိုအခုလိုမ်ိဳး ကားဝင္တုိက္မႈနဲ႔ ပတ္သက္လုိ႔ ေသဆံုးခဲ့တဲ့  ကေလးေတြရဲ႕ မိဘေတြ ဝမ္းနည္းေၾကကြဲမႈေတြျဖစ္ခဲ့ရၿပီး  ကားေမာင္းသမားအေပၚ ျပစ္တင္ေဝဖန္ေနပါတယ္။ ေသဆံုးသြားခဲ့သူ ေက်ာင္းသား ႏွစ္ဦး ဟာအသက္ ၈ ႏွစ္ အရြယ္ေယာက်္ားေလးႏွစ္ဦးျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျရှိ ကျောင်း စာသင်ခန်းထဲကို ကားဝင်တိုက် ၊ ကျောင်းသား နှစ်ဦးသေဆုံး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့က စာသင်ခန်းထဲကို ကားဝင်တိုက်ခဲ့လို့ မူလတန်း ကျောင်းသားနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ဘန်ဆိုင်း လမ်းဘေးနားမှာရှိတဲ့ စာသင်ကျောင်းထဲကို ကားဝင်တိုက်ခဲ့တာဖြစ်ပြီး ကျောင်းသူမိန်းကလေး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ကားဝင်တိုက်ချိန်မှာ စာသင်ခန်းထဲမှာ ကျောင်းသား ၁၉ ဦး ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လက်ရှိအချိန်မှာ အသက် ၅၂ နှစ် အရွယ်ရှိ ကားမောင်းသူ အမျိုးသမီးကို စုံစမ်းစစ်ဆေးနေပါတယ်။

စာသင်ခန်းထဲကိုအခုလိုမျိုး ကားဝင်တိုက်မှုနဲ့ ပတ်သက်လို့ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ မိဘတွေ ဝမ်းနည်းကြေကွဲမှုတွေဖြစ်ခဲ့ရပြီး ကားမောင်းသမားအပေါ် ပြစ်တင်ဝေဖန်နေပါတယ်။ သေဆုံးသွားခဲ့သူ ကျောင်းသား နှစ်ဦး ဟာအသက် ၈ နှစ် အရွယ်ယောကျာ်းလေးနှစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)