မန္ယူနည္းျပေဟာင္း မုိရက္စ္ကို ဝက္စ္ဟမ္းနည္းျပသစ္ခန္႔

0
359

ဝက္စ္ဟမ္း အသင္း ဟာ နည္းျပ ဘီလစ္ကို ရာထူးက ထုတ္ပယ္ၿပီးေနာက္  အဲဗာတန္ နဲ႔ မန္ယူနည္းျပေဟာင္း ေဒးဗစ္မုိရက္စ္ကို နည္းျပသစ္ အျဖစ္ခန္႔အပ္လုိက္ပါတယ္။   

မုိရက္စ္ဟာ ဝက္စ္ဟမ္း အသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္မွာ ၁၆ ေယာက္ေျမာက္ နည္းျပျဖစ္လာၿပီး အသင္းနဲ႔ ၆ လ စာခ်ဳပ္လက္မွတ္ေရးထုိးမွာ ျဖစ္ပါတယ္။

 မုိရက္စ္ဟာ  ဝက္စ္ဖို႔ဒ္နဲ႔ ကစားမယ့္  ပရီးမီယားလိဂ္ပြဲမွာ ဝက္စ္ဟမ္းနည္းျပအျဖစ္ စတင္တာဝန္ယူမွာျဖစ္ပါတယ္။ ဘီလစ္ လက္ထက္မွာ ဝက္စ္ဟမ္းအသင္းဟာ ေမွ်ာ္လင့္သေလာက္ ရလဒ္မ်ားမေကာင္းခဲ့လို႔ အသင္း တာဝန္ရွိသူေတြဟာ နည္းျပ ဘီလစ္ကို ရာထူးက ထုတ္ပယ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ ပရီးမီယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၁၈ ေနရာမွာ ရွိေနၿပီး ရလဒ္ဆုိးရြားေနမႈအေပၚ ပရိသတ္ေတြလည္း စိတ္ပ်က္လ်က္ရွိေနလို႔ အေျပာင္းလဲလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူနည်းပြဟောင်း မိုရက်စ်ကို ဝက်စ်ဟမ်းနည်းပြသစ်ခန့်

ဝက်စ်ဟမ်း အသင်း ဟာ နည်းပြ ဘီလစ်ကို ရာထူးက ထုတ်ပယ်ပြီးနောက် အဲဗာတန် နဲ့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ်ကို နည်းပြသစ် အဖြစ်ခန့်အပ်လိုက်ပါတယ်။

မိုရက်စ်ဟာ ဝက်စ်ဟမ်း အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ၁၆ ယောက်မြောက် နည်းပြဖြစ်လာပြီး အသင်းနဲ့ ၆ လ စာချုပ်လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ မိုရက်စ်ဟာ ဝက်စ်ဖို့ဒ်နဲ့ ကစားမယ့် ပရီးမီယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းနည်းပြအဖြစ် စတင်တာဝန်ယူမှာဖြစ်ပါတယ်။ ဘီလစ် လက်ထက်မှာ ဝက်စ်ဟမ်းအသင်းဟာ မျှော်လင့်သလောက် ရလဒ်များမကောင်းခဲ့လို့ အသင်း တာဝန်ရှိသူတွေဟာ နည်းပြ ဘီလစ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၈ နေရာမှာ ရှိနေပြီး ရလဒ်ဆိုးရွားနေမှုအပေါ် ပရိသတ်တွေလည်း စိတ်ပျက်လျက်ရှိနေလို့ အပြောင်းလဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)