
0
326




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်က မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်မယ်

မြောက်ကိုရီးယားက ဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်နေမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဂျပန်နိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေ ထပ်လုပ်သွားမယ်လို့ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဂျပန်က ကြေညာပါတယ်။

မြောက်ကိုရီးယား အဖွဲ့အစည်း ကိုးခုနဲ့ တသီးပုဂ္ဂလ ၂၆ ဦးတို့ကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကက်ဘိနက် အတွင်းရေးမှူးချုပ် ယိုရှီဟီဒေ ဆူဂါက ပြောပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေရဲ့ အကြိမ်ပေါင်းများစွာ သတိပေးမှုကို မြောက်ကိုရီးယားက လျစ်လျူမှုကို လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ သူက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၆ ရက်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို ထပ်မံပိတ်ဆို့ အရေးယူဖို့ ဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)