
0
305




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် လေတပ်က တက္ကဆက် သေနတ်သမားကို သေနတ် မှားယွင်းဝယ်ခွင့်ပြုခဲ့

တက္ကဆက် ခရစ်ယာန် ဘုရားကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အိမ်တွင်းအကြမ်းဖက်မှု ရှိတယ်ဆိုတာ FBI ကို အကြောင်းကြားဖို့ အမေရိကန် လေတပ်က ပျက်ကွက်ခဲ့ပြီး သူ့ နောက်ကြောင်းကို မစစ်ဆေးဘဲ သေနတ်တွေ ဝယ်ခွင့်ပြုမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

သူ့ဇနီးကို ရိုက်နှက်မှု၊ မယားပါသားရဲ့ ခေါင်းကို ကန်မှုတွေနဲ့ ပတ်သက်ပြီး အိမ်တွင်း အကြမ်းဖက်မှုနဲ့ လေတပ်ကနေ ထုတ်ပယ်ခံရပေမယ့် သေနတ်သမား ဒီဗင် ပက်ထရစ် ကယ်လီ (၂၆ နှစ်) ကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဘာကြောင့် သေနတ် လေးလက်ကို ရောင်းချခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးရင်း ဖော်ထုတ်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်၊ ဆန် အန်တိုနီယိုမှာ နိုဝင်ဘာ ၅ ရက်နေ့က ခရစ်ယာန် ဘုရားကျောင်းအတွင်း ကယ်လီ ဝင်ရောက်ပစ်ခတ်မှုကြောင့် ၂၆ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သံတွေ ကြားတဲ့အတွက် ကယ်လီနောက်ကို စတီဖင် ဝီလီဖို့ဒ်ဆိုသူ လိုက်ပြီး ပစ်သတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)