
0
269




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စွပ်စွဲမှုတွေကို စုံစမ်းဖို့ ဝိန်းစတိန်းက ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှား

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မုဒိမ်းမှုနဲ့ သူ့အပေါ် စွပ်စွဲသူတွေ၊ သူ့အကြောင်း ရေးတဲ့ ဂျာနယ်လစ်တွေကို စုံစမ်းဖို့ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်းက ပုဂ္ဂလိက စုံစမ်းရေး ကုမ္ပဏီတွေကို ငှားရမ်းလိုက်ပါတယ်။

မော့ဆက် ထောက်လှမ်းရေးဟောင်း၊ အစ္စရေး ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်သူတွေနဲ့ တည်ထောင်ထားတဲ့ ဘလက် ကျု ကုမ္ပဏီနဲ့ ဖက်စပ် စုံစမ်းရေး ကုမ္ပဏီ ခရိုး တို့ကို ဝိန်းစတိန်းက ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။

စုံစမ်းရေး ကုမ္ပဏီတွေကို ငှားရမ်းခြင်းနဲ့ ပတ်သက်ပြီး ဘလက် ကျုနဲ့ စာချုပ်ထဲမှာတော့ နယူးယောက်တိုင်းမ်နဲ့ နယူးယော်ကာတို့မှာ ဝိန်းစတိန်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ရေးသားချက်တွေကို ရပ်တန့်သွားအောင် လုပ်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)