
0
297




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေထဲပင်လယ်ထဲမှာ ဆယ်ကျော်သက် မိန်းကလေး အလောင်း ၂၆ လောင်း တွေ့

မြေထဲပင်လယ်ထဲမှာ နိုဝင်ဘာ ၅ ရက်နေ့က ဆယ်ကျော်သက် မိန်းကလေးငယ် အလောင်း ၂၆ လောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အီတလီ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား မိန်းကလေးတွေဟာ နိုက်ဂျာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေကလို့ ယူဆရပြီး လစ်ဗျားကနေ ဥရောပကို ရွှေ့ပြောင်းဝင်ရောက်ဖို့ ဒီခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းကနေ ကြိုးပမ်းကြရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ အလောင်းတွေကို ရင်ခွဲရုံကို ပို့ဆောင်ပြီး မိန်းကလေးတွေဟာ နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း ရှိ၊ မရှိ စစ်ဆေးမယ်လို့ အီတလီရဲက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)