
0
302






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တော်ဝင်မီသားစု စော်ကားမှု နဲ့ စွဲချက်တင်မယ်

ရာထူး က ဖြုတ်ချခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝထရာ ဟာ တော်ဝင်မီသားစုကို စော်ကားမှုအပြင် ဆိုက်ဘာ ရာဇာဝတ်မှုတွေနဲ့ တရားစွဲခံရဖွယ်ရှိနေတယ်လို့ ထိုင်းရှေ့နေရုံးချုပ်ကပြောပါတယ်။

ထိုင်းတရားရုံး ဟာ သက်ဆင် ရဲ့ ညီမ ဖြစ်သူ ယင်းလပ်ကို ဖမ်းဝရမ်း နှစ်ခါမြောက်ထုတ်ပြီးနောက် အကိုဖြစ်သူသက်ဆင်ကို တရားစွဲဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံရေးလောကမှာ ဆယ်စုကျော်ကြာလွမ်းမိုးမှုရှိခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာ ရာထူးကဖြုတ်ချခံရခဲ့ပါတယ်။
သက်ဆင် ဟာ ရာထူးက ဖြုတ်ချခံရပြီးနောက် အကျင့်ပျက် လာဘ်စားမှုတွေနဲ့ စွဲချက်တင်ခံရပြီးနောက် ပြည်ပ နိုင်ငံကို တိမ်းရှောင်ခဲ့သူဖြစ်ပါတယ်။

ထိုင်းရှေနေ့ချုပ် ချုတီဝမ်ဟာ သက်ဆင် နဲ့ ပတ်သက်ပြီး အသေးစိတ် ကို ထုတ်ပြောတာမရှိသေးပါဘူး၊ သက်ဆင် ဟာ ၂၀ဝ၁ ခုနှစ် က ကျေးလက်ဒေသတွေနဲ့ ဆင်းရဲသားလူတန်းစာတွေရဲ့ထောက်ခံမဲနဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)