
0
356





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြဟောင်းဟေးနက်စ်ကို ဘိုင်ယန်မြူးနစ် နည်းပြသစ် ခန့်

ဘိုင်ယန်မြူးနစ် အသင်းဟာနည်းပြဟောင်း ဟေးနက်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။

ဟေးနက်စ် ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ကြိမ်မြောက် ပြန်လည်တာဝန်ယူမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ် ဟာ နည်းပြအန်ဆယ်လော့တီကိုရာထူးက ထုတ်ပယ်ခဲ့ပါတယ်။

ဟေးနက်စ် ဟာ ၂၀၁၃ ခုနှစ် နည်းပြဘဝကနေအနားယူခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် ရဲ့ ကမ်လှမ်းမှုကို ငြင်းဆန်နိုင်မှုမရှိတာကြောင့် ရာသီအကုန်ထိ နည်းပြတာဝန်ယူသွားမယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

ဟေးနက်စ့် ဟာ ဘိုင်ယန်မြူးနစ် နည်းပြအဖြစ် တာဝန်ယူချိန် အတွင်း ချန်ပီယံလိဂ်ချန်ပီယံဆု၊ ဂျာမန် အမှတ်ပေးဖလားချန်ပီယံ ဆု နဲ့ ဂျာမန်ဖလားတွေရယူနိုင်ဖို့ စွမ်းဆောင်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)