
0
270

 






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျကို အမေရိကန် က (Thaad) ဒုံးကျည်ကာကွယ်ရေးစနစ် ရောင်းမယ်
အမေရိကန်အစိုးရ ဟာ ဆော်ဒီအာရေဗျ နိုင်ငံကို ဒုံးကျည်ကာကွယ်ရေးစနစ် (Thaad) ရောင်းချပေးဖို့ခွင်ပြုလိုက်ပါတယ်။

အမေရိကန် ဟာ ဆော်ဒီအာရေဗျ နိုင်ငံကို အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုရောင်းပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး ရောင်းချပေးလိုက်တာ ဟာ အီရန်နိုင်ငံ နဲ့အခြားနိုင်ငံတွေ ရဲ့ ခြိမ်းခြောက်မှုကိုကာကွယ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန်အစိုးရ ကပြောပါတယ်။

ဆော်ဒီအာရေဗျ ဟာ ရုရှားနိုင်ငံဆီကနေ လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ သဘောတူညီမှုရရှိပြီးနောက် တစ်ရက်အကြာမှာပဲ အမေရိကန်အစိုးရ ဟာ ဒုံးကျည်ကာကွယ်ရေးစနစ် ရောင်းချပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျကို အခုလိုမျိုး ဒုံးကျည်ရောင်းချတာ ဟာဒေသအတွင်း စစ်ရေးအင်အားချိန်ခွင့်လျှာကို အပြောင်း အလဲဖြစ်စေမှာမဟုတ်ဘူးလို့ လည်း အမေ ရိကန်ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)