
0
388




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရူနိုင်း ဘုရင်မင်းမြတ်ရဲ့ နန်းသက် နှစ် ၅၀ ပြည့် အခမ်းအနားကျင်းပ

ဘရူနိုင်းဒါရူဆလမ် နိုင်ငံ ရဲ့ ဘုရင်မင်းမြတ် နန်းမွေဆက်ခံတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို အောက်တို ဘာ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

သက်တော် ၇၁ နှစ်အရွယ် ဘရူနိုင်း ဘုရင်မင်းမြတ် စူလ်တန် ဟာဆင်နယ် ဘိုကီယား ရဲ့ နန်းမွေခံ နှစ် ၅၀ ပြည့်အခမ်းအနားကို နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ဂုဏ်ပြု တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီအထဲမှာ အရှေ့တောင် အာရှ နိုင်ငံ ခေါင်းဆောင်တွေဖြစ်ကြတဲ့ အင်ဒို သမ္မတ ဂျိုကို ဝီဒိုဒို ၊ ဖိလစ်ပိုင်သမ္မတ ရိုဂရီဂို ဒူတာတေး ၊ မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြပြီး ဗြိတိန် တော်ဝင် မင်းသား အက်ဒွပ် နဲ့ အရှေ့အလယ်ပိုင်း ဘုရင်များ တက် ရောက် ခဲ့ကြပါတယ်။ နိုင်ငံထိပ်တန်းခေါင်းဆောင်တွေကို Istana Nurul Iman နန်းတော်မှာ ဧည့်ခံကြိုဆိုခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)