အီရတ္မွာ ျပင္းထန္တဲ့ ဆႏၵျပပြဲေတြ ၄ ရက္ေျမာက္ ဆက္ျဖစ္

0
266

အီရတ္ႏုိင္ငံ၊ ဘက္ဆရာၿမိဳ႕မွာ ျပင္းထန္တဲ့ ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ေပၚေနၿပီး ဆႏၵျပမႈ ၄ ရက္ေျမာက္အျဖစ္ ဆႏၵ ဆက္ျပေနပါတယ္။

ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား ထိပ္တုိက္ေတြဆံုမႈေတြ ျဖစ္ခဲ့ၿပီး ဆႏၵျပသူ ၁၀ ဦးထက္မနည္း ေသဆံုးခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ ရဲေတြကို ေလာင္ကၽြမ္းေစတဲ့ အရာေတြနဲ႔ ပစ္ခတ္တုိက္ခုိက္ခဲ့လုိ႔ ရဲတပ္ဖြဲ႔ဝင္ အမ်ားအျပား ဒဏ္ရာရခဲ့တယ္လုိ႔ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

အီရတ္ႏုိင္ငံအတြင္း အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးမႈ၊ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈေတြေၾကာင့္ တနလၤာေန႔ကတည္း စတင္ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။ ဆႏၵျပသူေတြဟာ ျပည္နယ္အတြင္းရွိ အစိုးရ အေဆာက္အဦးေတြကို ပစ္မွတ္ထား တုိက္ခုိက္မႈေတြ လုပ္ေနခဲ့ၿပီး လမ္းေတြလည္း ပိတ္ထားရတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်မှာ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ၄ ရက်မြောက် ဆက်ဖြစ်

အီရတ်နိုင်ငံ၊ ဘက်ဆရာမြို့မှာ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ဆန္ဒပြမှု ၄ ရက်မြောက်အဖြစ် ဆန္ဒ ဆက်ပြနေပါတယ်။

ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေဆုံမှုတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတွေကို လောင်ကျွမ်းစေတဲ့ အရာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အီရတ်နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် တနင်္လာနေ့ကတည်း စတင် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ပြည်နယ်အတွင်းရှိ အစိုးရ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေခဲ့ပြီး လမ်းတွေလည်း ပိတ်ထားရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)