
0
216


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငလျင်တွေ ထပ်လှုပ်နိုင်တယ်လို့ ဂျပန်မှာ သတိပေးထား

အင်အားပြင်းငလျင် လှုပ်ခဲ့ပြီးနောက် ဟော့ကိုင်းဒိုး ဒေသခံတွေ အနေနဲ့ သတိရှိရှိ နေထိုင်ကြဖို့ ဂျပန် မိုးလေဝသ အေဂျင်စီက တိုက်တွန်းထားပါတယ်။

မိုးလေဝသအေဂျင်စီရဲ့ ငလျင်နဲ့ ဆူနာမီတွေကို စောင့်ကြည့် လေ့လာရေးတာဝန်ခံ တိုရှိယုကိ မတ်ဆုမိုရိက နောက်ထပ် အားပြင်းငလျင်တွေ လှုပ်နိုင်ခြေရှိပြီး အထူးသဖြင့် လာမယ့် ၂ ရက်၊ ၃ ရက် အတွင်းမှာ ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။

သုည ကနေ ၇ အထိရှိတဲ့ ငလျင်ပြင်းအား တိုင်းတာတဲ့ ဂျပန်စနစ်အရ အမြင့်ဆုံး ၆ အပြင်းစား ရှိနိုင်တဲ့ ငလျင်တွေ လှုပ်နိုင်တာကြောင့် ဟော့ကိုင်းဒိုး ဒေသခံတွေအနေနဲ့ သီတင်းတစ်ပတ်လောက် သတိထားဖို့ မစ္စတာ မတ်ဆုမိုရိက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)