မကၠဆီကိုမွာ လူ ၁၆၀ ေက်ာ္ကို သတ္ျဖတ္ ျမႇဳပ္ႏွံထားတာ ေတြ႔ရွိ

1
210

မကၠဆီကိုႏိုင္ငံ၊ ပင္လယ္ေကြ႔ျပည္နယ္ျဖစ္တဲ့ ဗာရာခ႐ုဇ္မွာ လူ ၁၆၆ ဦးကို သတ္ျဖတ္ျမွဳပ္ႏွံထားေၾကာင္း စံုစမ္းစစ္ေဆးသူေတြက ေတြ႔ရွိခဲ့ၾကၿပီး မကၠဆီကိုမွာ လူအမ်ားဆံုး တစ္ေနရာတည္း သတ္ျဖတ္ ျမွဳပ္ႏွံခံရမႈ ျဖစ္ပါတယ္။

ဗာရာခ႐ုဇ္ ေရွ႕ေန ေဂ်ာ္၈ီ ဝင္ကလာ ကေတာ့ သတ္ျဖတ္ျမွဳပ္ႏွံထားတဲ့ ေနရာအတိအက်ကို ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။ ျပည္နယ္ ေရွ႕ေန ဝင္ကလာက အေလာင္းေတြကို ျမွဳပ္ႏွံထားတာ ၂ ႏွစ္ ၾကာၿပီျဖစ္ေၾကာင္း၊ မွတ္ပံုတင္ကတ္ ၁၁၄ ခုကို အေလာင္းေတြ ျမွဳပ္တဲ့ေနရာမွာ ေတြ႔ရွိရေၾကာင္းနဲ႔ အေလာင္းေတြကို တြင္း ၃၂ တြင္း တူးၿပီး ျမွဳပ္ႏွံထားတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အဝတ္အစားေတြ၊ အသံုးအေဆာင္ပစၥည္းေတြ အမ်ားအျပားေတြ႔ေပမယ့္ စံုစမ္းစစ္ေဆးသူေတြက ဦးေခါင္းခြံေတြကို အဓိကထားေရတြက္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဦးေခါင္းခြံ အေရအတြက္ကသာ အသတ္ခံရသူ အေရအတြက္ကို ေဖာ္ျပႏိုင္လို႔ ျဖစ္ပါတယ္။ မကၠဆီကို မူးယစ္ရာဇာ ဂိုဏ္းေတြဟာ ၿပိဳင္ဘက္ေတြကို သတ္ၿပီး လွ်ိဳ႕ဝွက္ ျမွဳပ္ႏွံထားေလ့ ရွိၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုမှာ လူ ၁၆၀ ကျော်ကို သတ်ဖြတ် မြှုပ်နှံထားတာ တွေ့ရှိ

မက္ကဆီကိုနိုင်ငံ၊ ပင်လယ်ကွေ့ပြည်နယ်ဖြစ်တဲ့ ဗာရာခရုဇ်မှာ လူ ၁၆၆ ဦးကို သတ်ဖြတ်မြှုပ်နှံထားကြောင်း စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ကြပြီး မက္ကဆီကိုမှာ လူအများဆုံး တစ်နေရာတည်း သတ်ဖြတ် မြှုပ်နှံခံရမှု ဖြစ်ပါတယ်။

ဗာရာခရုဇ် ရှေ့နေ ဂျော်၈ီ ဝင်ကလာ ကတော့ သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာအတိအကျကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ပြည်နယ် ရှေ့နေ ဝင်ကလာက အလောင်းတွေကို မြှုပ်နှံထားတာ ၂ နှစ် ကြာပြီဖြစ်ကြောင်း၊ မှတ်ပုံတင်ကတ် ၁၁၄ ခုကို အလောင်းတွေ မြှုပ်တဲ့နေရာမှာ တွေ့ရှိရကြောင်းနဲ့ အလောင်းတွေကို တွင်း ၃၂ တွင်း တူးပြီး မြှုပ်နှံထားတာ ဖြစ်ကြောင်း ပြောပါတယ်။

အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ အများအပြားတွေ့ပေမယ့် စုံစမ်းစစ်ဆေးသူတွေက ဦးခေါင်းခွံတွေကို အဓိကထားရေတွက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးခေါင်းခွံ အရေအတွက်ကသာ အသတ်ခံရသူ အရေအတွက်ကို ဖော်ပြနိုင်လို့ ဖြစ်ပါတယ်။ မက္ကဆီကို မူးယစ်ရာဇာ ဂိုဏ်းတွေဟာ ပြိုင်ဘက်တွေကို သတ်ပြီး လျှို့ဝှက် မြှုပ်နှံထားလေ့ ရှိကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.