ေျမာက္ကိုရီးယားအေပၚ ေရနံတင္ပို႔မႈ ပိတ္ဆုိ႔တာကို ရုရွားသမၼတ လက္မခံ

0
244

ရုရွား သမၼတ ဗလာဒီမာ ပူတင္က ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ေရနံ တင္ပို႔ ျဖတ္ေတာက္မွာကို ဆန္႔က်င္သြားမယ္လို႔ ေျပာလိုက္           ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံက ႏ်ဴကလီးယားစမ္းသပ္မႈေတြ ျပဳလုပ္မႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံအေပၚ ပိတ္ဆုိ႔မႈ အသစ္ေတြ ခ်မွတ္ဖုိ႔ စဥ္းစားေနခ်ိန္မွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ရုရွား သမၼတက ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးေနာက္ သူရဲ႕ သေဘာထားကို ထုတ္ေဖာ္ခဲ့တာလည္း  ျဖစ္ပါတယ္။

အေမရိကန္နဲ႔ သူရဲ႕ မဟာမိတ္ေတြဟာ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ ေရနံနဲ႔ ပတ္သက္လုိ႔ ပိတ္ဆို႔မႈခ်မွတ္ဖို႔ တြန္းအားေပးမႈေတြ ရွိေနပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံကို ေရနံကို တရုတ္ႏုိင္ငံ နဲ႔ ရုရွားႏုိင္ငံဆီကေန အမ်ားဆံုး တင္သြင္းမႈေတြ လုပ္ေနရပါတယ္။

ရုရွား သမၼတက ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ ပိတ္ဆို႔မႈေတြခ်မွတ္ဖုိ႔နဲ႔ ဖိအားေပးတာေတြဟာ ႏ်ဴကလီးယား ရည္မွန္းခ်က္ကို စြန္႔လြတ္ေစမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားအပေါ် ရေနံတင်ပို့မှု ပိတ်ဆို့တာကို ရုရှားသမ္မတ လက်မခံ
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားနိုင်ငံအပေါ် ရေနံ တင်ပို့ ဖြတ်တောက်မှာကို ဆန်ကျင့်သွားမယ်လို့ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံအပေါ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ စဉ်းစားနေချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ရုရှား သမ္မတက တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သူရဲ့ သဘောထားကို ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ရေနံနဲ့ ပတ်သက်လို့ ပိတ်ဆို့မှုချမှတ်ဖို့ တွန်းအားပေးမှုတွေ ရှိနေပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို ရေနံကို တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံဆီကနေ အများဆုံး တင်သွင်းမှုတွေ လုပ်နေရပါတယ်။ ရုရှား သမ္မတက မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်ဖို့နဲ့ ဖိအားပေးတာတွေဟာ နျူကလီးယား ရည်မှန်းချက်ကို စွန့်လွတ်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)