
0
289





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမြန်လမ်းမကြီး အစိတ်အပိုင်းတစ်ခုကို အိုဘားမားလမ်းလို့ အမည်ပေး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က လွှတ်တော် အမတ်တွေဟာ လော့စ်အိန်ဂျလိစ် ကောင်တီ အမြန်လမ်း အစိတ်ပိုင်းတစ်ခုကို အမေရိကန် သမ္မတဟောင်း အိုဘားမား အမည် ပြောင်းလဲဖို့ ခွင့်ပြုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်က အီးဂဲလ် ရော့ ဧရိယာကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ၁၃၄ အမြန်လမ်းမကြီးကို အိုးဘားမား အမြန်လမ်းမကြီး အဖြစ် ပြောင်းလဲခေါ်ဝေါ်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားဟာ နယူးယောက် တက္ကသိုလ် မတက်ခင် ၁၉၇၉ ခုနှစ်ကနေ ၁၉၈၁ ခုနှစ် အထိ အီးဂဲလ်ရော့ရှိ အော်စီဒန်တယ် တက္ကသိုလ်မှာ တက်ရောက်ခဲ့ဖူးပါတယ်။ အမေရိကန် သမ္မတဟောင်း အိုဘားမားကို လေးစားကြောင်း၊ သတိရမှုနဲ့ သူရဲ့ခေါင်းဆောင်မှုကို အသိမှတ်ပြုတာကြောင့် လမ်းကို အိုဘားမားလမ်း လို့ပြောင်းလဲခေါ်ဆိုခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ပေါ်တန်နီနိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)