
0
282





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားမှာ ဓာတုလက်နက်ရှိတယ်ဆိုပြီး အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်

အစ္စရေးဟာ ဟစ်စ်ဘိုလာသူပုန်တွေကို နှိမ်နှင်းဖို့ ရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ ဟာမာဒေသကို ကြာသပတေးည ၂ နာရီ ၃၀ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုဟာ ဆီးရီးယားမှာ ဓာတုလက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်မှုရှိတယ် အာရပ်မီဒီယာတွေက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်မှုဟာ ဟာမာမြို့ အစွန်အဖျားမှာရှိတဲ့ သိပ္ပံသုတေသနစင်တာကို ရည်ရွယ်ခဲ့တာဖြစ်ပြီး ဒီစင်တာမှာ စစ်လက်နက်ပစ္စည်းတွေ ဖြစ်တဲ့ ဒုံးကျည်တွေလိုပဲ ဓာတုလက်နက်ထ ထုတ်လုပ်နေမှုမှာ တိုးတက်လုပ်ဆောင်နေပြီဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့ အာရပ်မီဒီယာတွေက ပြောပါတယ်။

ကုလသမဂ္ဂက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆီးရီးယားရှိ သမ္မတ အာဆတ် အုပ်ချုပ်တဲ့ အစိုးရက ပြီးခဲ့တဲ့ ဧပြီလမှာ ဆီးရီးယားပြည်သူတွေကို ချေမှုန်းခဲ့တဲ့ ဖြစ်စဉ်မှာ ဓာတုလက်နက်တွေကို အသုံးပြုခဲ့ကြောင်း အတည်ပြုထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)