အိုင္မာမုန္တိုင္းေၾကာင့္ ေလဆိပ္တစ္ခု ပ်က္စီး၊ လူေသဆံုးမႈရွိ

0
305

ကရစ္ဘီယန္ ပင္လယ္မွာ တိုက္ခတ္ေနတဲ့ အုုိင္မာ ဟာရီကိန္း မုုန္တုုိင္းဟာ စက္တင္ဘာ ၆ ရက္ ေန႔မွာ တစ္နာရီကုုိ ၁၈၅ မုုိင္ႏႈန္းနဲ႔ တုုိက္ခတ္ခဲ့ပါတယ္။ ဒီမုုန္တုိင္းဟာ အတၱလႏၱိတ္ ေဒသမွာ ဆယ္စုႏွစ္အတြင္း တုုိက္ခတ္ခဲ့တဲ့ အႀကီးဆုုံးမုုန္းတုုိင္းျဖစ္ပါတယ္။

မုုန္တုုိင္းဒဏ္ေၾကာင့္ ကရစ္ဘီယန္မွာရွိတဲ့ စိန္႔ မားတင္ကြ်န္းေပၚက နာမည္ေက်ာ္ Princess Juliana ေလဆိပ္ကုုိ အႀကီးအက်ယ္ပ်က္စီးေစခဲ့ပါတယ္။

ျပင္းထန္တဲ့ မိုးနဲ႔ ေရႀကီးမႈေၾကာင့္ ေလဆိပ္ရဲ႕ အေျခခံ အေဆာက္အအံုေတြ ပ်က္စီးခဲ့ပါတယ္။ အိုင္မာ ဟာရီကိန္း မုုန္းတုုိင္းေၾကာင့္ စိန္႔ မားတင္ကြ်န္းမွာ လူႏွစ္ဦးေသဆုုံးခဲ့ပါတယ္။

အိုင္မာ ဟာရီကိန္း မုန္တိုင္းေၾကာင့္ ကရစ္ဘီယန္ပင္လယ္ အတြင္းရွိ ျပင္သစ္ပိုင္ ကြ်န္းေတြမွာ အနည္းဆံုး လူ ၈ ဦးေသဆံုးၿပီး ၂၃ ဦး ဒဏ္ရာရတယ္လို႔ ျပင္သစ္ ျပည္ထဲေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

စိန္႔ မားတင္၊ စိန္႔ ဘာသီလီမီကြ်န္းေတြမွာ လူေသဆံုးမႈ ျမင့္ႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုင်မာမုန်တိုင်းကြောင့် လေဆိပ်တစ်ခု ပျက်စီး၊ လူသေဆုံးမှုရှိ

ကရစ်ဘီယန် ပင်လယ်မှာ တိုက်ခတ်နေတဲ့ အိုင်မာ ဟာရီကိန်း မုန်တိုင်းဟာ စက်တင်ဘာ ၆ ရက် နေ့မှာ တစ်နာရီကို ၁၈၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ အတ္တလန္တိတ် ဒေသမှာ ဆယ်စုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ အကြီးဆုံးမုန်းတိုင်းဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ကရစ်ဘီယန်မှာရှိတဲ့ စိန့် မားတင်ကျွန်းပေါ်က နာမည်ကျော် Princess Juliana လေဆိပ်ကို အကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။ ပြင်းထန်တဲ့ မိုးနဲ့ ရေကြီးမှုကြောင့် လေဆိပ်ရဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ အိုင်မာ ဟာရီကိန်း မုန်းတိုင်းကြောင့် စိန့် မားတင်ကျွန်းမှာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

အိုင်မာ ဟာရီကိန်း မုန်တိုင်းကြောင့် ကရစ်ဘီယန်ပင်လယ် အတွင်းရှိ ပြင်သစ်ပိုင် ကျွန်းတွေမှာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

စိန့် မားတင်၊ စိန့် ဘာသီလီမီကျွန်းတွေမှာ လူသေဆုံးမှု မြင့်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)