ေျမာက္ကိုရီးယားနဲ႔ ဆက္သြယ္မႈလုပ္ေနတဲ့ ႏိုင္ငံအားလံုးကို အေမရိကန္ ကုန္သြယ္မႈ ရပ္နားမယ္

0
302

ေျမာက္ကိုရီးယားႏုိင္ငံနဲ႔ ကုန္သြယ္မႈလုပ္ေနတဲ့ ႏိုင္ငံအားလံုးကို ကုန္သြယ္မႈပိုင္း ရပ္တန္႔သြားမယ္လုိ႔ အေမရိကန္ဘ႑ေရးဝန္ႀကီး စတီဗီျမဴးနစ္က ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ႏ်ဴကလီးယားစမ္းသပ္ဖို႔ ႀကိဳးစားမႈ ထပ္မံ လုပ္ေဆာင္ခဲ့တာေၾကာင့္ အေမရိကန္က အခုလို ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢအေနနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံကို တင္းၾကပ္တဲ့ ပိတ္ဆုိ႔မႈေတြ လက္ေတြ႔ မလုပ္ေဆာင္ဘူးဆုိရင္ အေမရိကန္က လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ အေမရိကန္ဘ႑ေရးဝန္ႀကီးက ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံနဲ႔ ဆက္သြယ္မႈ လုပ္ေနတဲ့ႏုိင္ငံ ဒါမွမဟုတ္ လူပုဂၢိဳလ္တစ္ဦးခ်င္းကို ပိတ္ဆုိ႔မႈလုပ္မွာ ျဖစ္တဲ့အျပင္ ကုန္သြယ္မႈပါ ရပ္တန္႔သြားမယ္လို႔ ဝန္ႀကီး စတီဗီ ျမဴးနစ္က ေျပာပါတယ္။

အေမရိကန္ ဘ႑ေရးဝန္ႀကီးဌာန အေနနဲ႔ ေျမာက္ကိုရီးယားနဲ႔ ပတ္သက္ၿပီး ပတ္ဆို႔မႈေတြခ်မွတ္ႏိုင္ဖို႔ သမၼတဆီက ခြင့္ျပဳခ်က္ရယူသြားဖုိ႔ အဆင့္သင့္ရွိေနတယ္လို႔ ဘ႑ေရးဝန္ႀကီးကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုလုပ်နေတဲ့ နိုင်ငံအားလုံးကို အမေရိကန် ကုန်သွယ်မှု ရပ်နားမယ်

မြောက်ကိုရီးယားနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်နေတဲ့ နိုင်ငံအားလုံးကို ကုန်သွယ်မှုပိုင်း ရပ်တန့်သွားမယ်လို့ အမေရိကန်ဘဏ္ဍရေးဝန်ကြီး စတီဗီမြူးနစ်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ နျူကလီးယားစမ်းသပ်ဖို့ ကြိုးစားမှု ထပ်မံ လုပ်ဆောင်ခဲ့တာကြောင့် အမေရိကန်က အခုလို ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ လက်တွေ့ မလုပ်ဆောင်ဘူးဆိုရင် အမေရိကန်က လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်သွယ်မှု လုပ်နေတဲ့နိုင်ငံ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပိတ်ဆို့မှုလုပ်မှာ ဖြစ်တဲ့အပြင် ကုန်သွယ်မှုပါ ရပ်တန့်သွားမယ်လို့ ဝန်ကြီး စတီဗီ မြူးနစ်က ပြောပါတယ်။ အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာန အနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ပတ်ဆို့မှုတွေချမှတ်နိုင်ဖို့ သမ္မတဆီက ခွင့်ပြုချက်ရယူသွားဖို့ အဆင့်သင့်ရှိနေတယ်လို့ ဘဏ္ဍရေးဝန်ကြီးကပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)