ဆင်ဆာပိတ်ခံရတဲ့ စာအုပ်တွေနဲ့ အမှတ်တရ အဆောက်အအုံ တည်ဆောက်

0
279

ဆင်ဆာပိတ်ပင်ခံခဲ့ရတဲ့စာအုပ် ဒါမှမဟုတ် ဆင်ဆာပိတ်ပင်ခံနေရဆဲစာအုပ်တွေကို အသုံးပြုပြီး ဂျာမနီနိုင်ငံ ဗဟိုဒေသမှာ အမှတ် တရအဆောက်အအုံတစ်ခု တည်ဆောက်ပြီး ဆင်ဆာ ပိတ်ပင်မှုကို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြပါတယ်။

ရုတ်တရက်ကြည့်မယ်ဆိုရင် အေသင်မြို့က အာခရိုပိုလစ်အဆောက်အအုံလို့ ယူဆဖွယ်ရာဖြစ်ပါတယ်။ ဒါပေမဲ့ စာအုပ်ပါသီနွန်များလို့ အမည်ပေးထားတဲ့ အဆိုပါအဆောက်အအုံကို ဂျာမနီနိုင်ငံအလယ်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ကွန်တန်ပိုလာရီ အနုပညာကိုဖော်ကျုးတဲ့ အဲဒီအဆောက်အအုံဟာ ကာစ်စဲလ်တက္ကသိုလ်မြို့မှာ တည်ရှိပါတယ်။

ဆင်ဆာပိတ်ပင်မှုအားလုံးကို ဆန့်ကျင်တဲ့အနေနဲ့ အာဂျင်တီးနားအနုပညာရှင် မာတာမီနူဂျင်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အသက် ၇၄ နှစ်အရွယ် မာတာက သူမရဲ့လက်ရာတွေထဲမှာ နိုင်ငံရေးအဆန်ဆုံး လက်ရာတစ်ခုပါပဲလို့ ပြောဆိုခဲ့ပါတယ်။

ပါသီနွန်ဆိုတဲ့အဓိပ္ပာယ်က ဂရိနတ်ဘုရားမဖြစ်ပြီး စစ်မက်ကို ကိုယ်စားပြုတဲ့ တန်ခိုးရှင်လို့ယူဆတဲ့ အေသီနာရဲ့ဘုရားကျောင်း နာမည်ပဲဖြစ်ပါတယ်။
တကယ်တော့ နာဇီခေတ် ၁၉၃၃ ခုနှစ်တုန်းက ဂျုးနဲ့ မတ်ဇ်ဝါဒစာရေးဆရာတွေရဲ့လက်ရာတွေကို မီးပုံရှို့ခဲ့တဲ့နေရာမှာ စာအုပ်ပါ သီနွန်များဆိုတဲ့ အထိမ်းအမှတ်အဆောက်အအုံကို တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

နှစ်ပေါင်း ၈၀ နီးပါးကြာမြင့်လာချိန်မှာတော့ စေတနာ့ဝန်ထမ်းတွေ စုပေါင်းပြီး အဆိုပါအနုပညာလက်ရာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
အဆိုပါအဆောက်အအုံ မပြီးဆုံးခင်အချိန်အထိ ဖန်တီးသူမာတာဟာ ဆင်ဆာပိတ်ပင်ခံရတဲ့ စာာအုပ်တွေကို လိုက်လံစုဆောင်းနေမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အဲဒီနောက်မှာတော့ စာအုပ်တွေကို အများပြည်သူဖတ်ရှုနိုင်အောင် ပြန်လည်ဖြန့်ချိသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်ပါသီနွန်ဟာ အမှတ်တရစီမံကိန်းဖြစ်ပေမယ့်လည်း ထာဝရတည်တံ့နေမှာမဟုတ်ဘဲ တည်ဆောက်ပြီး မကြာခင်မှာ ပြန်လည်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)