ဂေါ်ရီလာ လူဝံအမတစ်ကောင် ကလေးမမွေးနိုင်လို့ ဆေးရုံပို့ခဲ့ရ

0
257

အမေရိကန် ပြည်ထောင်စု  Philadelphia  တိရစ္ဆာန်ရုံမှာနေထိုင်တဲ့ ကီရာကိုခေါ်တဲ့ လူဝံအမတစ်ကောင် ကလေး မမွေးနိုင်လို့ ဆေးရုံပို့ဆောင်လိုက်ရပါတယ်။

သူမဟာ အမြဲသွက်လက်နေသူဖြစ်ပြီး ကလေးမွေးဖွားခါနီး အချိန် မူမမှန်ဖြစ်နေတဲ့အတွက်ကြောင့် တိရစ္ဆာန်စောင့်ကြည့်ရေးဝန်ထမ်းတွေက ဆေးရုံကိုပို့ဆောင် ပေးခဲ့ကြ တာပါ။

ကီရာဟာ အသက် ၁၇ နှစ် ရှိနေပြီဖြစ်ပြီး  အာဖရိကနွယ်ဝင် လူဝံမျိုးနွယ်တစ်ကောင်ပဲဖြစ်ပါတယ်။သူမကို ကလေးမွေးဖွားနိုင်ဖို့အတွက် Pennsylvania  နဲ့ Thomas Jefferson  ဆေးတက္ကသိုလ်က ဆရာဝန်တွေ ပူးပေါင်းခွဲစိတ်မွေးဖွားခဲ့ကြတာပဲဖြစ်ပါတယ်။

ခွဲစိတ်နိုင်ဖို့သူမကို မေ့ဆေးပေးခဲ့ကြပြီး  ခွဲစိတ်မှု တစ်နာခွဲနီးပါးကြာပြီးတဲ့နောက်မှာတော့ သူမရဲ့ကလေးငယ် လူဝံအထီးကလေးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)