ကာတာ အရေးမှာ ပင်လယ်ကွေ့နိုင်ငံတွေ ညီညွတ်ကြဖို့ သမ္မတ ထရမ့် တိုက်တွန်း

0
238

ကာတာနိုင်ငံကို ဆက်ဆံမှု ဖြတ်တောက်ဖို့ ဆော်ဒီအာရေဗျနဲ့ ဒေသတွင်း မဟာမိတ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပြီးနောက် နာရီအနည်းငယ် အကြာမှာ ပင်လယ်ကွေ့ဒေသ နိုင်ငံတွေ ညီညွတ်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်နဲ့ ယူအေအီးနိုင်ငံတို့က ကာတာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးအပြင် လေကြောင်း၊ ရေပိုင်နက်နဲ့ ဆက်သွယ်မှုတွေ အားလုံးကို ဖြတ်တောက်ကြောင်း ဇန်နဝါဇရီလ ၅ ရက်နေ့က ကောက်ခါငင်ကာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

နှစ်ပေါင်းများစွာအတွင်း ပင်လယ်ကွေ့နိုင်ငံတွေ အကြားမှာ အဆိုပါ တင်းမာမှုဟာ အမြင့်ဆုံအခြေအနေ ဖြစ်ခဲ့ရပါတယ်။ အဆိုပါနိုင်ငံတွေက သေးငယ်တဲ့ ကာတာ ပင်လယ်ကွေ့နိုင်ငံလေးဟာ အစွန်းရောက်ဝါဒ လှုပ်ရှားမှုကို ထောက်ခံ အားပေးနေကြောင်း၊ ဆော်ဒီအစိုးရရဲ့ မဟာရန်ဘက်ဖြစ်တဲ့ အီရန်ကိုလည်း ၀ါဒရေးရာအရ ထောက်ခံမှု လုပ်နေကြောင်း စွပ်စွဲချက် ထုတ်လိုက်ပါတယ်။

အဲဒီ တင်းမာမှုတွေအထဲကို လူမူ တွစ်တာပို့စ်တွေနဲ့ သမ္မတထရန့်က ၀င်ရောက်လာတာ ဖြစ်ပါတယ်။ သူက ကာတာနိုင်ငံကို အထီးကျန်ထားဖို့ လုပ်ဆောင်အားထုတ်မှုကို ထောက်ခံရေးသားခဲ့ပါတယ်။

တကယ်တော့ ကာတာနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အကြီးမားဆုံး လေကြောင်း အခြေစိုက်စခန်း ရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်။

ဒါ့အပြင် အခုလို ပိတ်ဆို့ဖြတ်တောက်မှုဟာ အကြမ်းဖက်ဝါဒအတွက် နေ၀င်ချိန်နိဒါန်းလည်း ဖြစ်သွားလိမ့်မယ်လို့လည်း မစ္စတာ ထရမ့်က တွစ်တာပို့စ်မှာ ရေးသားခဲ့ပါသေးတယ်။

ကူဝိတ်ဘုရင်ကတော့ အဲဒီ အကွဲအပြဲဇာတ်လမ်းကို ရင်ကြားစေ့ဖို့အတွက် ဆော်ဒီအာရေဗျကို လေကြောင်းခရီးစဉ်နဲ့ အလျင်အမြန် သွားရောက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ရုရှားဟက်ကာတွေရဲ့ လက်ချက် ပါဝင်နေကြောင်း FBI ထောက်လှမ်းရေး အရာရှိတွေက ကောက်ချက်ချခဲ့ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက် ဘင်အဘူ ရာမန်အဲလ်သန်နီက ပြောဆိုခဲ့တယ်လို့ ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ကာတာနိုင်ငံပိုင် သတင်းအေဂျင်စီနဲ့ ပတ်သက်ပြီး ဟက်ကာတွေက သတင်းမှားတွေ ဖြန့်ချိခဲ့တာဖြစ်တယ်လို့ FBI အရာ ရှိတွေက ယုံကြည်နေကြကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသွားခဲ့တာပါ။

တကယ်တော့ စွမ်းအင်ကြွယ်ဝတဲ့ ကာတာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ အစဉ်အဆက် တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီနဲ့ အပေါင်းအပါနိုင်ငံတွေက အခုလို ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် ဒေသတွင်း ရန်လိုမှုတွေ တိုးပွားလာဖွယ် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)