ကြောင်အကောင် ၂၀၀ အဆိပ်ကျွေး အသတ်ခံရပြီးနောက် ပြင်သစ် ကမ်းခြေမြို့ ထိတ်လန့်

0
269

အိမ်မွေးနဲ့ လေလွင့် ကြောင်ကောင်ရေ ၂၀၀ လောက် အဆိပ်ကျွေး အသတ်ခံရပြီးနောက် ပြင်သစ်နိုင်ငံရှိ အပမ်းဖြေ ကမ်းခြေမြို့ငယ် စိန့် ပီယာ လာ မာ မြို့ခံလူတွေဟာ ထိတ်လန့် ခြောက်ခြားမှုတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ကြရပါတယ်။

ကြောင်တွေကို အဆိပ်ပစ်ကျွေးပြီး သတ်တာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ကြောင်တွေကို ဆက်တိုက် သတ်ဖြတ်မှု (Serial cat killer) အဖြစ် တိရစ္ဆာန် အခွင့်အရေးအဖွဲ့တွေက သံသယရှိပြီး အဲဒီ ဒေသတွင်းမှာ ကြွက်၊ ပူး စတဲ့ ကိုက်ဖြတ်တတ်တဲ့ သတ္တဝါငယ်တွေနဲ့ ငှက်တွေ အမြောက်အမြား အဆိပ်မိ သေဆုံးနေတာနဲ့လည်း ဆက်စပ်မယ်လို့ သံသယရှိနေပါတယ်။

ကလေးငယ်တွေဟာ အဲဒီ သေစေနိုင်တဲ့ အဆိပ်ပစ်တာတွေကို ကောက်ကိုင်မိကြမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အခု တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည်၊ မယုံကြည်ကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိရစ္ဆာန်ချစ်သူတွေကလည်း အဲဒီ အဆိပ်ပစ်ခံရတဲ့ ကြောင်တွေ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို သိအောင် ရင်ခွဲ စစ်ဆေးပေးဖို့ ရဲကို တောင်းဆိုနေကြပါတယ်။

လတ်တလောမှာတော့ လမ်းတွေ ဘေးမှာ ချထားတဲ့ ခွက်တွေထဲက အစာနမူနာတွေကို ဓာတ်ခွဲခန်းပို့ပြီး ရလဒ်ကို စောင့်နေကြပါတယ်။ ကြောင်တွေကို သတ်ဖြတ်မှုအတွက် လူတစ်ယောက်ကို သံသယ ရှိနေကြောင်းနဲ့ ကြောင်တွေဟာ အဲဒီ သတ်ဖြတ်သူ ဒါမဟုတ် သတ်ဖြတ်သူများရဲ့ တကယ့်ပစ်မှတ် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဒုတိယမြို့ဝန် အန်ဒရေ ရုဇ်စ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)