NBC သတင်းဌာန လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု စွပ်စွဲချက် နယူးယောက် ရှေ့နေချုပ်ရုံး စတင်စစ်ဆေး

0
396

သတင်းခန်းမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ NBC သတင်းဌာနရဲ့ ဝန်ထမ်းဟောင်းတွေရော လက်ရှိဝန်ထမ်းတွေကိုပါ အမေရိကန်နိုင်ငံ၊ နယူးယောက် ရှေ့နေချုပ်ရုံးက မေးမြန်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။

ဘယ်လိုတွေ စစ်ဆေးမေးမြန်းနေတယ် ဆိုတာကိုတော့ ရှေ့နေချုပ်ရုံးက ဖြေကြားခြင်း မရှိဘူးလို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ အလုပ်ထုတ်လိုက်တဲ့ NBC သတင်းဌာနရဲ့ Today အစီအစဉ် ပူးတွဲ တင်ဆက်သူ မတ် လော်ယာရဲ့ လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြုမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေတာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ လော်ယာကတော့ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ မလုပ်ခဲ့ဖူးဘူးလို့ ငြင်းဆိုထားပါတယ်။

Variety မဂ္ဂဇင်းက အက်ဒီ ဇီနိုနီကတော့ လော်ယာဟာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီတုန်းက အက်ဒီဟာ NBC သတင်းဌာနမှာ ထုတ်လုပ်ရေးဆိုင်ရာ လက်ထောက်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ သတင်းခန်းမှာ မတ် လော်ယာက သူ့ကို မဖွယ်မရာ ပြုခဲ့ကြောင်း ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အငြိုးနဲ့ လက်စားချေမှု၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေ ရှိတဲ့အတွက် နယူးယောက် ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)