COVID-19 ကူးစက်မှု ၁၃ သိန်းခွဲခန့်ရှိလာ၊ သေဆုံးသူ ၇၄၈၀၀ ကျော် ရှိ

0
250

ကမ္ဘာပေါ်မှာ ဒီနေ့ ဧပြီလ ၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအထိ COVID-19 ရောဂါ ကူးစက်သူ ၁၃၄၈၆၂၈ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၇၄၈၃၁ ဦး ရှိတယ်လို့ အမေရိကန် အခြေစိုက် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန် (၅၆၈၄၄၉ ဦး)၊ စပိန် (၁၃၆၆၇၅ ဦး)၊ အီတလီ (၁၃၂၅၄၉ ဦး)၊ ဂျာမနီ (၁၀၃၃၇၅ ဦး)၊ ပြင်သစ် (၉၈၉၈၄ ဦး)၊ တရုတ် (၈၂၆၉၇ ဦး)၊ အီရန် (၆၀၅၀၀ ဦး) တို့ ဖြစ်ပါတယ်။ သေဆုံးမှု အများဆုံးကတော့ အီတလီဖြစ်ပြီး ၁၆၅၂၃ ဦး၊ စပိန်က ၁၃၃၄၁ ဦး၊ ပြင်သစ်က ၈၉၁၁ ဦး၊ ဗြိတိန်က ၅၃၇၃ ဦး၊ အီရန်က ၁၇၁၉ ဦးတို့ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ရောဂါ ကူးစက်မှုလက္ခဏာ တွေ့ပြီးနောက် ပြန်လည် သက်သာလာသူက ၂၈၅၀၆၄ ဦး ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုထားတဲ့ နိုင်ငံနဲ့ ဒေသက ၁၈၄ ခု ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)