ကိုရီးယားသရုပ်ဆောင် ဆိုဂျီဆပ်နဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ ချိုအွန်ဂျောင်းတို့ရဲ့ မင်္ဂလာသတင်း

0
264

တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဆိုဂျီဆပ်ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ ချိုအွန်ဂျောင်းနဲ့ လက်ထပ်လိုက်ပြီဖြစ်တယ်လို့ သူ့ရဲ့ အနုပညာအေဂျင်စီမှ ဧပြီလ ၆ ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဆိုဂျီဆပ်နဲ့ အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ ချိုအွန်ဂျောင်းတို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဆိုဂျီဆပ်ရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Be With You ရုပ်ရှင် ပရိုမိုးရှင်းပြုလုပ်ချိန်တွင် စတင်ဆုံတွေ့ခဲ့တာဖြစ်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ ဧပြီ ၆ ရက်နေ့မှာ တရားဝင် လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။

မင်္ဂလာလက်ထပ်ပွဲကိုတော့ မိသားစုအနည်းငယ်နဲ့သာ ကျင်းပဖို့စီစဉ်ထားပြီး မင်္ဂလာ အထိမ်းအမှတ်အဖြစ် ပညာသင်ကြားရေးမှာ အထောက်အပံ့ လိုအပ်နေတဲ့ ကလေးငယ်တွေကို ဝမ် ၅၀ မီလီယ တန်ဖိုးရှိ tablet computer နဲ့ smart device တွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဆိုဂျီဆပ်ဟာ ၁၉၉၅ ခုနှစ်က မော်ဒယ်သရုပ်ဆောင်အဖြစ် အနုပညာလုပ်ငန်း စတင်ခဲ့ပြီး Three Guys and Three Girls ၊ I’m Sorry, I Love You (2004) ၊ Master’s Sun (2013) ၊ My Secret Terrius စတဲ့ ရုပ်သံဇာတ်ကားများနဲ့ အောင်မြင်မှုများစွာ ရရှိထားသူပါ။ သူဟာ ၂၀၀၉ ခုနှစ်မှာ 51K ဖျော်ဖြေရေး အေဂျင်စီကို တည်ထောင်ခဲ့ပြီး လက်ရှိမှာ အေဂျင်စီရဲ့ CEO လည်း ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)