ထိုင်းတောင်ပိုင်းမှာ မွတ်စလင် သူပုန်တွေ ၃၁ နေရာမှာ အကွက်ချ တိုက်ခိုက်ဖျက်ဆီး

0
302

ထိုင်းနိုင်ငံ တောင်ပိုင်း ခရိုင် လေးခုမှာ မလေး မွတ်စလင် သူပုန်တွေက တိုက်ခိုက် ဖျက်ဆီးမှု ၃၁ ခု ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ ညသန်းခေါင်အချိန် တိုက်ခိုက်မှုတွေကတော့ ပတ္တာနီမှာ ၁၂ ကြိမ်၊ ယာလာမှာ ၇ ကြိမ်၊ နာရာသီဝပ်မှာ ၉ ကြိမ်နဲ့ ဆောင်ခလာမှာ ၃ ကြိမ်တို့ ဖြစ်ပါတယ်။

ပတ္တာနီ တိုက်ခိုက်မှုက အဆိုးဆုံးဖြစ်ပြီး ဓာတ်တိုင်များ လဲပြိုတာကြောင့် နေရာများစွာမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ သူပုန် လေးယောက်က ဆိုင်ကယ် နှစ်စီးနဲ့ စာသင်ကျောင်း ရှေ့မှာ ဗုံးထောင်ခဲ့ပါတယ်။ ကောလိပ်တစ်ခုရှေ့မှာလည်း ဗုံး သုံးလုံးဖောက်ခွဲပြီး ကားတာယာတွေကို မီးရှို့ခဲ့ပါတယ်။

ယာလာမှာလည်း လက်လုပ်ဗုံးနဲ့ လျှပ်စစ်တာဝါတိုင်ကို ဖြိုလှဲခဲ့ပါတယ်။ တခြားနေရာတွေမှာလည်း တာဝါတိုင်တွေနဲ့ ထရန်စဖော်မာတွေကို ဖောက်ခွဲခဲ့ပါတယ်။ တချို့နေရာတွေမှာ ထောင်ထားတဲ့ ဗုံးတွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)