အမေရိကန်က ပစ်လိုက်တဲ့ ဒုံးကျည် တဝက်နီးပါးပဲ ပစ်မှတ်ကို ရောက်တယ်လို့ ရုရှားပြော

0
288

အမေရိကန် စစ်တပ်က ပစ်လွှတ်လိုက်တဲ့ တိုမားဟော့ ဒုံးကျည် ၅၉ စင်းအနက် ၂၃ စင်းသာ ပစ်မှတ်ဖြစ်တဲ့ ဆီးရီးယား လေတပ် အခြေစိုက်စန်းကို ထိတယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

တခြား ပစ်မှတ်ချော်တဲ့ ဒုံးကျည်တွေက ဘယ်ကို ကျရောက်သလဲဆိုတာတော့ မသိရသေးပါဘူး။

တိုမားဟော့ ဒုံးကျည်တွေကို မြေထဲပင်လယ်ထဲက အမေရိကန် စ်စသင်္ဘောပေါ်ကနေ ပစ်လွှတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားကို ပစ်ခတ် တိုက်ခိုက်တာဟာ တခြားတိုင်းပြည်တစ်ခုကို ရန်လိုတာဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)