ဂျပန်က မြောက်ကိုးရီးယား အပေါ် စီးပွားရေးပိတ်ဆို့မှု ၂ နှစ်ထပ်တိုး

0
272

ဂျပန်အစိုးရအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှု ၂ နှ စ်ထပ်မံ တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဂျပန်ကက်ဘိနက်ဝန်ကြီးချုပ်က ဒီနေ့ ဧပြီလ ၇ ရက်နေ့ကပြောဆိုလိုက်ပါတယ်။

မြောက်ကိုးရိးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ကုန်သွယ်မှုမှန်သမျှကို ပိတ်ပင်တားဆီးသွားမှာ ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံက  ၀င်ရောက်လာတဲ့ သင်္ဘောမှန်သမျှကိုလည်း ဂျပန်ဆိပ်ကမ်းတွေကို ဆိုက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဂျပန်အစိုးရက ပြောဆိုလိုက်ပါတယ်။

ယခင်က မြောက်ကိုးရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှုတွေဟာ ယခုလ ဧပြီ ၁၃ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် ပိတ်ဆို့မှုကို နောက်ထပ်သက်တမ်း ၂ နှ စ်ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်ကက်ဘိနက်ဝန်ကြီးချုပ် ယိုရှီဒါဆူဂါက ဆိုပါတယ်။
မြောက်ကိုးရီးယားနိုင်ငံဟာ နိုင်ငံတကာက တားမြစ်နေနေတဲ့ကြားထဲက ပြီးခဲ့တဲ့ လတွေမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)